အဝေးကွင်းမှာ ဘုန်းမောက်ကို ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးမယ် ဟောကိန်းထုတ်လိုက်တဲ့ ပေါမာဆန်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီ တနင်္ဂနွေညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘုန်းမောက်-မန်ယူနိုက်တက် ပွဲမှာ အိမ်ရှင် အသင်းကပဲ ဂိုးပြတ် အနိုင်ယူသွားမယ်လို့ ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
” ကြားရတာ တမျိုးဖြစ်နေနိုင်ပေမယ့် ဒီပွဲက မန်ယူနိုက်တက်အတွက် ဘာမှ မဟုတ်ပါဘူး။ အမိုရင်သာ ဒီပွဲမှာ သူ့အကောင်းဆုံး ကစားသမားတွေသုံးခဲ့ရင် အံ့ဩမိမှာပါ။
ခင်ဗျားသာ မန်ယူနိုက်တက်ဆိုရင် ဘုန်းမောက်ဆီ သွားကစားရမယ့်ပွဲကို မေ့တောင်နေမှာပါ။ မန်ယူနိုက်တက်အတွက် ယူရိုပါလိဂ်ဖလားက ထိပ်တန်းဦးစားပေးလို့ အမိုရင်ပြောတာ ၁၀၀ ရာခိုင်နှုန်းမှန်ပါတယ်။
သူတို့တွေက ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရဖို့ ၃ ပွဲပဲ လိုတော့တယ်။ အဲဒီတော့ ဘုန်းမောက်နဲ့ပွဲမှာ အရန်အသင်း ထုတ်မယ်ဆိုရင်လည်း မထူးဆန်းဘူး။ အဲဒီအတွက် ထပ်ရှုံးဦးးမယ်လို့ ထင်ပါတယ်။ ” လို့ ပေါမာဆန်က သုံးသပ်ထားတာပါ။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်း ရလဒ်ကတော့ ဘုန်းမောက် ၂-၀ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။