ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပေမယ့် အားမရဘဲ စိတ်ပျက်နေတဲ့ အမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အမိုရင်က ဆမ် မားမိစ်မှာ အက်သလက်တစ် ဘီလ်ဘာအိုကို ၃-၀ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို ခြေတလှမ်း လှမ်းနိုင်ခဲ့ပြီးနောက် ကစားသမားတွေက ပိုပြီး အညှာအတာကင်းမဲ့ခဲ့ရမှာလို့ ညည်းညူခဲ့ပါတယ်။
စပိန်မြောက်ပိုင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ကက်စမီရိုက မန်ချက်စတာယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်က ပထမပိုင်းမပြီးခင်မှာပဲ ပွဲကို အဆုံးသတ်နိုင်စေမယ့် နောက်ထပ်ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
VAR က အချိန်ကြာမြင့်စွာ ပြန်လည်စစ်ဆေးပြီးနောက် ဗီဗီယန်ကို အနီကတ်နဲ့ထုတ်ပယ်ခဲ့တာကလည်း မန်ယူနိုက်တက်အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီလနှောင်းပိုင်းမှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ဆမ် မားမိစ်ကို ပြန်မလာနိူင်ခဲ့ဘူးဆိုရင်တော့ ကြီးမားတဲ့ လဲပြိုမှုလို့ သတ်မှတိရမှာဖြစ်ပါတယ်။
အမိုရင်င်က သူ့ရဲ့အသင်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပေမယ့်လည်း ဒုတိယအကျော့အတွက် ပိုပြီး သက်တောင့်သက်သာဖြစ်အောင် မလုပ်နိုင်ခဲ့တာကို စိတ်ပျက်ခဲ့တာဖြစ်ပါတယ်။
“ရလဒ်ဒ်က တကယ်ကောင်းတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ရလဒ်ကို နားလည်ဖို့လည်း လိုပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ အစပိုင်းမှာ အများကြီး ရုန်းကန်ခဲ့ရတယ်။ ပြီးတော့ ကက်စမီရိုဆီက ဂိုးနဲ့ တိုကိရိုက်အနီကတ်နဲ့ ထုတ်ပယ်မှုက ပွဲကို ပြောင်းလဲသွားစေခဲ့တယ်။ ဒါပေမယ့် ဒါက ကောင်းတဲ့အရာပါ။
ကျွန်တော်တို့ ကံလေးလည်း နည်းနည်းကောင်းနေခဲ့တာကြောင့် ဂိုးပြန်မပေးရအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဘယ်လို ပွဲမျိုးမဆို အခြေအနေတခုမှာ ပြောင်းလဲသွားနိုင်တယ်။ ကျွန်တော်တို့ နောကိထပ် တကြိမ် ဂိုးထပ်သွင်းနိုင်မယ့် အခွင့်အရေးရခဲ့တယ်လို့ ထင်ပါတယ်။
ဒီပွဲက မပြီးသေးပါဘူး။ သူတို့လည်း အိုးထရက်ဖို့မှာ ခုလိုမျိုး လုပ်ပြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က တကယ်ကို အားကောင်းပြီး ပြင်းပြင်းထန်ထန်ကစားနိုင်တဲ့အသင်းမို့လို့ပါ။ ကျွန်တော်တို့ ကွင်းမှာလည်း တယောက်အထုတ်ခံရတာ ဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်,”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။