ရန်းနစ်ကို ဆက်ခန့်စေချင်တဲ့ နဗီးလ်၊ ဘစ်ဆာကာနဲ့ ရှောကို သတိပေးတဲ့ ဖာဒီနန်နဲ့ ယနေ့ည မန်ယူ သတင်းတိုများ

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူအနေနဲ့ ရန်းနစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ရန်းနစ်အနေနဲ့ မန်ယူမှာ အနည်းဆုံး ၂ နှစ်ခန့် ရှိသင့်ပြီး အသင်းကို တည်ဆောက်မှုတွေ ပြုလုပ်နိုင်ကြောင်း၊ မန်ယူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ရးန်နစ်လို နည်းပြမျိုးကို မပိုင်ဆိုင်ရခဲ့ကြောင်း နဗီးလ်က ဆိုပါတယ်။

လက်ရှိအချိန်မှာ ပေါ့ဂ်ဘာသာ ပြန်လာရင် မန်ယူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်သင်း ဖြစ်လာမှာဖြစ်ကြောင်း မန်ယူကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ဆိုပါတယ်။

မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးနည်းပြ စထရပ်ဘာ ဟာ မန်ယူနညးြ်ပ ရန်နစ်ရဲ့ လက်ထောက်နည်းပြအဖြစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ စထရပ်ဘာ အနေနဲ့ လက်ထောက်နည်းပြရာထူးကို စိတ်မဝင်စားဘဲ နည်းပြ အဖြစ်သာ တာဝန်ယူလိုတာ ဖြစ်ပါတယ်။

ရိုးမားအနေနဲ့ မန်ယူနောက်ခံလူဒါလော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း အီတလီ သတင်းဌာနက က ဖောြ်ပ ထားပါတယ်။ ရိုးမားနည်းပြ မော်ရင်ဟိုက ဒါလော့ကို သဘောကျနှစ်သက်သူဖြစ်ပြီးပြန်လည် လက်တွဲလိုနေတာပါ။

မန်ယူယာယီနည်းပြ ရန်နစ်က သူ့အနေနဲ့ လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို ထည့်သွင်းကစားရတာ ကြိုက်နှစ်သက်မှု ရှိကြောင်း၊ ဂရင်းဝုဒ်ဟာ ပါရမီရှင်ဖြစ်ကြောင်း၊ သူဟာ ကြိုးစားအားထုတ်မှု ကောင်းမွန်ကာ ပွဲကစားခွင့်ရဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူ ဗာရိန်းက သူ့အနေနဲ့ အမြန်ဆုံး ဒဏ်ရာပျောက်ကင်း ပြန်ကစားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဘောလုံးကလပ်အသင်းတွေ တစ်သင်းနဲ့ တစ်သင်း လုပ်ဆောင်ပုံချင်းကွဲပြားလို့ အထိုင်ကျဖို့ လိုအပ်ကြောင်း၊ မန်ယူနဲ့ အတူ ပြန် ပါဝင် ကူညီနိုင်ဖို့အရေး စိတ်လှုပ်ရှားနေကြောင်း ဗာရိန်းက ဆိုပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က နည်းပြသစ် ရန်နစ်လက်အောက်မှာ ဝမ်ဘစ်ဆာကာနဲ့ လုရှောခ်တို့အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် အစွမ်းကုန် တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း၊ ရန်နစ်ဟာ ဘောလုံးကိုင်ကစားတတ်တဲ့ full-back တွေကိုသာ ကြိုက်နှစ်သက်မှုရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွေကို မဲခွဲခဲ့ရာမှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ကလပ် ဗီလာနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ မန်ယူအနေနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ထိုတတိယအဆင့် ပွဲတွေကို ဇန်နဝါရီ ၇ ရက်ကနေ ၁၀ ရက်နေ့ ကြား ယှဉ်ပြိုင်ကစားသွားကြရမှာပါ။