ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာ သတင်းဆိုး ကြုံလိုက်ရပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ နောက်ခံလူလီနီယိုရို ဒဏ်ရာရရှိမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
ပြင်သစ်ဗဟိုနောက်ခံလူဟာ ဝက်စ်ဟမ်းအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိပြီးနောက် မျက်နှာကို အင်္ကျီစဖြင့် ဖုံးအုပ်ကာ ဥမင်လှိုဏ်ခေါင်းသို့ ဝင်ရောက်သွားခဲ့ပါတယ်။
ယိုရိုဟာ အရိုးအက်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ ခြေထောက်ကို နာကျင်စွာ ကိုင်ထားတာ တွေ့ရပါတယ်။
သူဟာ ကွင်းအတွင်း ဆေးကုသမှု ခံယူပြီးနောက် ချက်ချင်းပင် ဟယ်ရီမက်ဂွိုင်းယားနှင့် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
ယိုရို ဥမင်လှိုဏ်ခေါင်းသို့ ဆင်းစဉ် မက်ဂွိုင်းယား၊ အလီဂျန်ဒရိုဂါနာချို၊ ပက်ထရစ်ဒေါ်ဂူတို့က နှစ်သိမ့်မှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ မေလ ၂၁ ရက်နေ့တွင် ဘီလ်ဘာအိုမှာ စပါးစ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရန် ၉ ရက်တည်းသာ လိုတော့တဲ့အချိန်တွင် ဒဏ်ရာပြဿနာ ကြုံလာရတာလည်း ဖြစ်ပါတယ်။
ယိုရိုရဲ့ဒဏ်ရာအခြေအနေအပေါ် အေမိုရမ်က “မပြင်းထန်ဖို့ မျှော်လင့်တယ်။ ကစားသမားအခြေအနေကို စစ်ဆေးရဦးမယ်။ ဒဏ်ရာသေးသေးလေးဖြစ်ဖို့ မျှော်လင့်တယ်”လို့ ဆိုသွားပါတယ်။