အန်တိုနီနဲ့ ဘက်တစ်ကိစ္စ၊ ရာမယ်ကြောင့် ရက်ဖို့ဒ်ကို ထပ်ချိန်နေတဲ့ ဘာစီ၊ အဒမ် ဝါတွန်၊ အဲရစ်ဆင်နဲ့ မန်ယူ ထူးခြား သတင်းတိုများ

မန်ယူအသင်း တောင်ပံ ကစားသမား အန်တိုနီကို အငှားခေါ်ယူထားတဲ့ ဘက်တစ် အသင်းဟာ အငှားသက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့သာ ဆန္ဒရှိနေပြီး အပြီး မဝယ်လိုဘူး ဖြစ်နေပါတယ်။

ဒါပေမယ့် အန်တိုနီ ကို အက်သလက်တီကို မက်ဒရစ်၊ ဂျူဗင်တပ် နဲ့ ဗီလာရီးရဲလ်တို့ကတော့ အပြီးသတ် ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ မန်ယူ၊ချဲလ်ဆီး တို့ရဲ့ပစ်မှတ် ဗစ်တာ အိုဆင်ဟမ်ကို ယူရို ၇၅ သန်းနဲ့ ခေါ်ယူဖို့ မျက်စိကျနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းတောင်ပံ ကစားသမား ရက်ရှ်ဖို့ဒ်နဲ့အတူ တွဲကစားဖို့ ရာမယ် က ဆန္ဒရှိနေတာကြောင့် ဘာစီလိုနာအသင်းက လာမယ့်နွေ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ လာမယ့်နွေ အသင်းမှ ထွက်ဖို့ သေချာသလောက်ရှိနေပြီး အသင်းဟောင်း အေဂျက်ကို ပြန်လည် ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။

မန်ယူအသင်းဟာ ပဲလေ့စ် ကွင်းလယ်ကစားသမား အဒမ် ဝါတွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပဲလေ့စ်ကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အထိ တောင်းဆိုသွားဖို့ ပြင်ဆင်နေပါတယ်။