မယုံနိုင်စရာ မှတ်တမ်းဆိုးတွေ ရင်ဝယ်ပိုက်သွားရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

မန်ချက်စတာ ယူနိုက်တက်ဟာ သောကြာနေ့ညတုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ချဲလ်ဆီးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၂၀၂၄-၂၅ ရာသီအတွင်းတွင် ပရီးမီးယားလိဂ်တွင် နှစ်ပွဲဆက် နိုင်ပွဲ မရရှိဘဲ အဆုံးသတ်လာရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လိဂ်ရာသီတစ်ခုလုံးတွင် နှစ်ပွဲဆက် နိုင်ပွဲ မရရှိဘဲ အဆုံးသတ်လာရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီးရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။ ယင်းပွဲတွင် ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မာ့ခ်ကူကူရယ်လာက ခေါင်းတိုက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ရာသီအတွင်းတွင် ၁၈ ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲ ကြုံလာရတာလည်း ဖြစ်ပါတယ်။

ယင်းရှုံးပွဲနှင့်အတူ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တစ်ရာသီလုံးတွင် ၂ ပွဲဆက်နိုင်ပွဲ မရရှိဘဲ အဆုံးသတ်လာရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးတဲ့ မှတ်တမ်းဆိုးလည်း ပိုင်ဆိုင်လာပါတယ်။

အေမိုရမ်ကိုင်တွယ်တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်တွင် အခြေအနေ ဆိုးရွားနေပေမဲ့လည်း မေလ ၂၁ ရက်နေ့ စပါးစ်နှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရရှိပါက ဥရောပဆုဖလားတစ်လုံး ရယူပြီး လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိကာ အဆုံးသတ်ခွင့် ရှိနေပါသေးတယ်။