ဒီည ယူရိုပါလိဂ်ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ အဖြေပေးခဲ့တဲ့ စူပါကွန်ပျူတာ
နာမည်ကြီး စူပါကွန်ပျူတာက ဒီနေ့ည မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ယှဉ်ပြိုင်ကစားသွားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။
စူပါကွန်ပျူတာကတော့ စပါးစ်က ၂၀၀၈ နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားကိုင်မြှောက်နိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။
စူပါကွန်ပျူတာက ပြိုင်ပွဲ တခုလုံးကို အကြိမ်ပေါင်း ၁၀၀၀ တွက်ထုတ်စေခဲ့တာဖြစ်ပြီး တကြိမ် ပြီးဆုံးတိုင်းမှာ ဇယားမှာ ပြီးဆုံးတဲ့တသင်းချင်းစီရဲ့ ကုတ်တွေကို မှတ်တမ်းတင်ခဲ့ပြီး တစ်ဆင့်ပြီးတိုင်း တသင်းချင်းစီရဲ့ ဖလားရနိုင်ခြေကိုလည်း မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာ ရလဒ်တွေကို ရာခိုင်နှုန်းအဖြစ် ပြောင်းလဲခဲ့ပြီး တစ်သင်းချင်းစီရဲ့ ယူရိုပါလိဂ်မှာ အဆင့်ဘယ်လောက်နဲ့ အဆုံးသတ်နိုင်လဲဆိုတဲ့ ဖြစ်တန်ခြေကို ပြသခဲ့တာဖြစ်ပါတယ်၊
ဆမ် မားမိစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် စူပါကွန်ပျူတာက ပိုစတီကိုဂလူရဲ့အသင်းက ၃-၂ နဲ့ အနိုင်ရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားလိမ့်မယ်လို့ အဖြေထုတ်ပေးခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲကတော့ ဒီညမှာ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ မျက်ဝါးထင်ထင် တွေ့မြင် အားပေးရတော့မှာ ဖြစ်ပါတယ်။