မန်ချက်စတာ ယူနိုက်တက် ဂျာစီနဲ့ မထိုက်တန်တဲ့ ကစားသမားတွေကို ပြစ်တင်လိုက်တဲ့ လုခ်ရှော

မန်ယူအသင်းနောက်ခံလူ လုခ်ရှောကတော့ စပါးကို ရှုံးခဲ့ပြီးနောက် အသင်းဂျာစီနဲ့ မထိုက်တန်တဲ့ ကစားသမားတွေကို ပြစ်တင်ပြောဆို သတိပေးသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ လုခ်ရှောရဲ့ မမျှော်လင့်တဲ့ ဖန်တီးပေးမှုတစ်ဆင့် စပါးကို တစ်လုံးထဲသော ဂိုးပေးလိုက်ရတာ ဖြစ်ပြီး တစ်ပွဲလုံး ပြိုင်ဘက်ကို အကြိမ်ကြိမ် ထိုးဖောက်နေခဲ့ပေမယ့် ထိရောက်တဲ့ ကန်သွင်းခွင့်တွေ များများစားစား မပြုလုပ်ခဲ့ပါတယ်။

စပါးကတော့ အောက်အသင်းအနေနဲ့ မန်ယူအသင်းကို ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပြီး ရှားရှားပါးပါးရတဲ့ အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီးနောက် မန်ယူအသင်းတိုက်စစ်တွေကို စနစ်တကျ ကာကွယ်ခဲ့တာကြောင့် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

လုခ်ရှောက “ မန်ယူလို အသင်းမျိုးအတွက် ဒီလိုရာသီမျိုးက လုံးဝကို မဖြစ်သင့်ပါဘူး၊ ကျွန်တော် အပါအဝင် အားလုံး ဒီည ကိုယ့်ဘာသာကိုယ် ပြန်မေးခွန်းထုတ်ကြဖို့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော်တို့ ဒီမှာ ဆက်ကစားဖို့ ထိုက်တန်နေသေးရဲ့လားဆိုတာကိုပါပဲ၊ဘာလို့လည်းဆိုတော့ ဒီအသင်း နဲ့ ဒီလို ရလဒ်တွေက လုံးဝကို လက်ခံနိုင်စရာ မရှိပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့်ရာသီ ဉရောပပွဲစဉ်တွေ ကစားရဖို့ မရှိတော့တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူစွဲဆောင်နိုင်ဖို့ ခက်ခဲနေဉီးမှာ ဖြစ်ပြီး လက်ရှိ အခင်းအကျင်းနဲ့သာ လာမယ့်ရာသီ ထပ်မံရှေ့ဆက်ရဖို့ ရှိနေပါတယ်။