ယူနိုက်တက်ရဲ့ နွေ အပြောင်းအရွှေ့ အခြေအနေမှန်ကို အသိပေးလိုက်တဲ့ နည်းပြ အမိုရင်
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ လက်ရှိ အသင်းရဲ့ ဝင်ငွေထွက်ငွေ အနေအထားများအရ လာမယ့်နွေ လူသစ်စိတ်ကြိုက်ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။
လာမယ့်ရာသီ ဉရောပပွဲစဉ်တွေ ကစားရဖို့ မရှိတဲ့ မန်ယူအသင်းဟာ ပေါင် ၁၀၀ ဝန်းကျင် ဆုံးရှုံးရမယ့် အနေအထားတွေနဲ့ ရင်ဆိုင်နေရသလို နောက်ထပ် ထပ်တိုးဝင်ငွေရလမ်းတွေ ပိတ်ပင်နေရတာကြောင့် အသုံးစားရိတ်တွေကို ချွေတာနေရဉီးမှာ ဖြစ်ပါတယ်။
အမိုရင်က “ ကျွန်တော်တို့ အရင်တုန်းကတော့ ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် လက်ရှိအနေအထားများအရ အကယ်ဒမီထွက်တွေကိုပဲ ပိုတိုးတက်အောင် လုပ်ရဖို့ ရှိနေပါတယ်။
လာမယ့်နွေ ကျွန်တော်တို့ လူသစ်ခေါ်ယူမှုတွေ များများစားစား လုပ်ခွင့်မရထားပါဘူး၊ အဲ့ဒါကြောင့် လက်ရှိ အခင်းအကျင်း ကိုပဲ ပိုပြီး အစေးကပ်အောင် ပြုလုပ်ရပါလိမ့်မယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပေါင် သန်း ၁၀၀ သာ အသုံးစားရိတ် ရရှိထားတဲ့ အသင်းဖြစ်တာကြောင့် လာမယ့်နွေ ကစားသမားသစ်တွေ ထပ်မံခေါ်ယူလိုနေပါက အသင်းရှိ ကစားသမားတွေကို အရင်ဆုံး ရှင်းထုတ်ရဉီးမှာ ဖြစ်ပါတယ်။