မက်ဆီ၊ ဒိုလေး၊ လီဝန်ဒေါစကီးတို့ ချန်ပီယံလိဂ်စံချိန်ကို မှီသွားတဲ့ အေဂျက်စ် တိုက်စစ်မှုး ဟော်လာ

အေဂျက်စ် တိုက်စစ်မှူး ဟော်လာ ကတော့ ညက စပို့တင်းလစ္စဘွန်း အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး နာမည်ကြီး တိုက်စစ်ကြယ်ပွင့်တွေ ဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီးတို့ စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

ထိုပွဲမှာ အေဂျက်စ် အသင်းက စပို့တင်းလစ္စဘွန်း အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှုး ဟော်လာ ဟာ စပို့တင်းလစ္စဘွန်းအသင်းကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက်ချန်ပီယံလိဂ် တရာသီအတွင်း အုပ်စုအဆင့်မှာ သွင်းဂိုး(၁၀)ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ (၄)ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

အရင်က ဒီလိုသွင်းယူနိုင်ခဲ့တဲ့သူ(၃)ဦးကတော့ ရော်နယ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီး တို့ဖြစ်ပြီး အခု ဟော်လာ ကပါ သူတို့နဲ့အတူ စာရင်းဝင်သွားခဲ့တာပါ။ ဒါ့အပြင် ဟော်လာက မန်ချက်စတာယူနိုက်တက်ရဲ့ နာမည်ကျော် တိုက်စစ်ကစားသမား ရော်နယ်ဒို ရဲ့ အခြားစံချိန် တခုကိုလည်း အမှီလိုက်နိုင်ခဲ့ပါတယ်။

ဟော်လာ ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ကို (၂၀၁၇-၁၈) ရာသီက ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခဲ့တုန်း ရော်နယ်ဒို တင်ထားတာဖြစ်ခဲ့ပါတယ်။

ခုတော့ ဟော်လာ ဟာ ရော်နယ်ဒို ရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့ပြီး ပေါ်တူဂီ ကစားသမားနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု ပွဲစဉ်အားလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့တာပါ။

ဟော်လာ ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀)ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ဟော်လာ ဟာ နယ်သာလန်လိဂ်ပြိုင်ပွဲမှာလည်း အေဂျက်စ် အတွက် ၉ဂိုး သွင်းယူထားပြီး ခြေစွမ်းပြသနေတာပါ။

ဝက်စ်ဟမ်း မှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့ ဟော်လာ ဟာ အေဂျက်စ် ထံရောက်ရှိချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတာ ဖြစ်ပါတယ်။