ယူနိုက်တက်က တော်မီနေးကို လေးစား၊ တန်ဖိုးထားမှု မရှိခဲ့ဘူးလို့ ပြစ်တင်လိုက်တဲ့ လီဗာပူးနောက်ခံလူ

လီဗာပူးလ် အသင်းနောက်ခံလူ ရော်ဘတ်ဆန်ကတော့ ကွင်းလယ်လူ တော်မီနေးရဲ့ တန်ဖိုးကို မန်ယူအသင်း အသိအမှတ်မပြုပဲ လွယ်လွယ်ကူကူ ရောင်းချလိုက်ခြင်းက အမှားတစ်ခု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

မန်ယူအသင်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အဆိုပါ စကော့တလန်သားဟာ အသင်းအတွက် စုစုပေါင်း ၂၂၅ ပွဲကစားပေးခဲ့ပြီး နာပိုလီအသင်းထံ ပေါင် ၂၅ သန်းထဲနဲ့ ရောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

နည်းပြအဆက်ဆက် အသင်းအတွက် ရရာနေရာက ပါဝင်ပေးဆပ်ကစားခဲ့တဲ့ တော်မီနေးရဲ့ လုပ်အားနှုန်းတွေကို မန်ယူအသင်းနောက်ပိုင်းနည်းပြတွေ မရခဲ့ပေမယ့် နာပိုလီအသင်းက ပြီးခဲ့တဲ့ ရာသီ အပြည့်အဝ အကျိုးခံစားခဲ့ရပြီး စကူဒက်တိုဖလားပါ သိမ်းပိုက်ပြနိုင်ခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ နာပိုလီကို သူထွက်သွားခဲ့တာက သူ့တန်ဖိုးကို ပြချင်ခဲ့လိုနေမှာပါ၊ မန်ယူမှားကြောင်းနဲ့ ပရီးမီးယားလိဂ်ကလူတွေ မှားတယ်ဆိုတာကို သူက သက်သေပြခဲ့ချင်ပုံပါပဲ၊ အခုသူက အီတလီမှာ ဘုရင်ဖြစ်နေပါပြီ၊

တော်တော်လေးကို အောင်မြင်တဲ့ အနေအထားတစ်ခုကို တည်ဆောက်ထားနိုင်နေပါပြီ၊ အမှန်အတိုင်း ပြောရရင် မန်ယူက သူ့ကို လေးစားမှု ပေးသင့်သလောက် မပေးခဲ့ပါဘူး၊ ”

“သူ့ကို သုံးလိုက်မသုံးလိုက်နဲ့လုပ်ခဲ့တော့ ကစားသမားက ခြေစွမ်းမတည်ငြိမ်ခဲ့တာပါ၊ သူသာ အရင်ကတည်းက နာပိုလီမှာ ရှိနေမယ်ဆိုရင် စကော့တလန်လက်ရွေးစင် အသင်းအတွက် လုံးဝရွှေပါပဲ၊ သူပိုပိုပြီး ကောင်းမွန်လာမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းကတော့ တော်မီနေးမရှိတော့တဲ့နောက် ကွင်းလယ်ပိုင်းမှာ မိန်နိုးတို့လို လူငယ်တွေကို ပိုမို နေရာပေးလာခဲ့ပေမယ့် ထင်သလောက် ဖြစ်မလာခဲ့ပဲ အသစ်ရောက်လာတဲ့ အူဂတ်တီတို့လို ကွင်းလယ်ကစားသမားတွေသာ ခြေစွမ်းတစ်ခုကို ဆက်ထိမ်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။