တစ်ပတ်တာ ဆွေးနွေးမှု အပြီး အသင်းသစ်ကို မီးစိမ်းပြလိုက်တဲ့ ယူနိုက်တက်တိုက်စစ်မှူး ဟွိုင်းလန်း

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရာစမပ်စ်ဟွိုင်းလန်းဟာ အင်တာမီလန်နှင့် ရက်သတ္တပတ်အတန်ကြာ ဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် အီတလီကလပ်သို့ ပြောင်းရေး မီးစိမ်းပြလာပြီ ဖြစ်ပါတယ်။

La Gazzatta dello Sport က အင်တာမီလန်ဟာ အသင်းကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်ထားပြီး အရေးပါတဲ့ ကစားသမား ၃ ဦး ခေါ်ယူရန် စီစဉ်ထားပါတယ်။

အင်တာမီလန်ဥက္ကဌဘက်ပီမာရော့တာနှင့် အားကစားဒါရိုက်တာ ပီရိုအူဆယ်လီယိုတို့ဟာ ကစားသမားအချို့တိုကို ဆန်းစစ်မှု ပြုလုပ်ထားပြီး ယင်းအထဲတွင် ဟွိုင်းလန်းလည်း ပါဝင်နေပါတယ်။

အင်တာမီလန်ဟာ ဟွိုင်းလန်းကို အငှားဖြင့် ခေါ်ယူရန် စီစဉ်ထားပြီး အငှားစာချုပ်အတွင်းမှာ အပြီးသတ် ခေါ်ယူနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုလာပါမယ်။

အင်တာမီလန်ရဲ့ ယခုနွေရာသီ ပစ်မှတ်များတွင် ကိုမိုမှ နီကိုပက်ဇ်၊ ပါးမားမှ ဂျီယိုဗန်နီလီယိုနီတို့လည်း ပါဝင်နေပါတယ်။
အင်တာမီလန်ဟာ ဟွိုင်းလန်းနှင့် အေးဂျင့်များနှင့် ရက်သတ္တပတ်အတန်ကြာ ဆွေးနွေးလာခဲ့တာ ဖြစ်ပြီး ယခုအခါ ဒိန်းမတ်တိုက်စစ်မှူးက အင်တာမီလန်သို့ ပြောင်းရေး မီးစိမ်းပြလာပြီလည်း ဖြစ်ပါတယ်။

အင်တာမီလန်ဟာ ယခုနွေရာသီ ပထမဆုံးအပြောင်းအရွှေ့အဖြစ် မာဆေးမှ လူးဝစ်အန်းနရစ်ကို ယူရို ၂၅ သန်းဖြင့် ၅ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

တဖက်တွင် အင်တာမီလန်ဟာ ရာထူးမှ ထွက်ခွာသွားတဲ့ ဆီမြွန်နီအင်ဇာဂီနေရာတွင် အစားထိုးနိုင်မဲ့ နည်းပြရှာဖွေနေပြီး ကစားသမားဟောင်းခရစ္စတီယန်ချီဗူးကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။