ယူနိုက်တက် ချဉ်းကပ်နေတဲ့ အမ်ဘီယူမို အတွက် ပြောင်းရွှေ့ကြေးကို ဆွဲတင်လိုက်တဲ့ ဘရန်းဖို့ဒ်အသင်း

ဘရန်းဖို့ဒ်အသင်းဟာ တိုက်စစ်မှူး အမ်ဘီယူမိုအတွက် မန်ယူအသင်းရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ငြင်းပယ် လိုက်ပြီးနောက် ပေါင် သန်း ၇၀ လောက်အထိ ထပ်တိုးတောင်းဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အထိ သွင်းယူခဲ့တဲ့ အဆိုပါ ကင်မရွန်းတိုက်စစ်မှူးအတွက် မန်ယူနိုက်တက် အသင်းက ပေါင် ၅၅ သန်းနဲ့ ပထမဆုံးအကြိမ် စတင်ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်ကိုကြည့်ပြီး ဘရန်းဖို့ဒ်က ၎င်းတို့ရဲ့ထုတ်ကုန်ကို ဈေးဆွဲမြှင့်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကမှ တောက်ပလာခဲ့တဲ့ အဆိုပါ တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ရာနှုန်းပြည့် အာမခံချက်မရှိတာကြောင့် အသင်းပရိသတ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်း သိပ်မရှိကြပေမယ့် မန်ယူအသင်းကတော့ ထုံးစံအတိုင်း ခပ်မြန်မြန် နောက်ထပ် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပြုလုပ်လိုက်ကြောင်း ESPN သတင်းဌာနအရ သိရပါတယ်။

မန်ယူအသင်း ယခုတစ်ခေါက် ကမ်းလှမ်းလိုက်တဲ့ ပမာဏက ပေါင် သန်း ၆၀ အထိသာ ဖြစ်နေပေမယ့် မန်ယူအသင်းသာ ဈေးဆက်တင်းထားပါက ကနဉီးကမ်းလှမ်းမှု ပေါင် ၅၅ သန်းလောက်နဲ့ ရနိုင်ခြေရှိနေသလို ကစားသမားကိုယ်တိုင်က အိုးထရတ်ဖို့ဒ်မှာ ကစားချင်နေကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

ဒါပေမယ့် မန်ယူအသင်းဆို ဈေးတင်လေ့ရှိတဲ့ ပြိုင်ဘက်အသင်းတွေရဲ့ အစဉ်အလာအတိုင်း ဘရန်းဖို့ဒ်က ဈေးဆွဲတင်ခဲ့တာ ဖြစ်ပြီး ယခုတစ်ခေါက် မန်ယူရဲ့ ပေါင် သန်း ၆၀ ဆိုတဲ့ ပမာဏကို လက်ခံမလား လက်မခံသေးဘူးလားဆိုတာ ဆက်စောင့်ကြည့်ရဉီးမှာ ဖြစ်ပါတယ်။