ယူနိုက်တက်နဲ့ နီးဖို့ ခြေတစ်လှမ်း ရွှေ့ပေးလာတဲ့ တိုက်စစ်မှုး အိုဆင်ဟမ်

မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အိုဆင်ဟမ်တစ်ယောက် ဆော်ဒီကလပ် အယ်လ်ဟီလာရဲ့ တစ်ရာသီ ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တာကြောင့် ပရီးမီးယားလိဂ်ကလပ်နဲ့ ပိုမို နီးစပ်လာခဲ့ပါတယ်။

ဉရောပမှာ ဆက်လက် ကျင်လည်လိုနေတဲ့ အဆိုပါ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ တူရကီမှာ သွားရောက်အဌားကစားခဲ့ရပေမယ့် ပါဝင်ကစားခဲ့တဲ့ ၄၁ ပွဲမှာ သွင်းဂိုး ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ အမိုရင် အကြိုက်ကစားသမားဖြစ်တဲ့ အိုဆင်ဟမ်ဟာ စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၆၃.၅ သန်းထဲနဲ့ ခေါ်ယူခွင့်ရထားတာကြောင့် ခေါ်ယူလိုနေတဲ့ အသင်းအတော်များပြားနေပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျလာမှာ ဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့်ကိုယ်တိုင်ကလည်း အိုဆင်ဟမ်ဟာ မန်ယူ လိုအသင်းမျိုး ဒါမှမဟုတ် ချဲလ်ဆီး၊ ဘာစီလိုနာ၊ရီးရဲလ်စတဲ့ အသင်းတွေမှာသာ ကစားဖို့သင့်တော်တဲ့သူ တစ်ယောက် ဖြစ်တယ်ဆိုပြီး ထပ်မံပြောဆိုလိုက်တာကြောင့် မန်ယူအသင်းရဲ့ အလားအလာက အတော်လေးကို ကောင်းမွန်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မန်ယူအသင်း လိုအပ်နေတဲ့ တိုက်စစ်လိုအပ်ချက်က အိုဆင်ဟမ်နဲ့ အတော်လေးကို ကိုက်ညီမှု ရှိနေတာကြောင့် အမိုရင်က အကြိုက်တွေ့နေတာ ဖြစ်ပြီး နာပိုလီမှာကတည်းက အဆုံးသတ်သေချာတဲ့ စွမ်းဆောင်ရည်တွေကို အိုဆင်ဟမ် တစ်ယောက် အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။