ယူနိုက်တက်သို့ ပြောင်းခွင့်ရရှိရေး ဆန္ဒပြ ဆန့်ကျင်တော့မယ့် ယိုကီရေးစ်

တိုက်စစ်မှုး ဗစ်တာယိုကီရေးစ်ဟာ ယခုနွေရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့် ရရှိရေးအတွက် ဆန္ဒပြမယ်လို့ ခြိမ်းခြောက် လာပါတယ်။

စပို့တင်းလစ္စဘွန်းတိုက်စစ်မှူးဟာ ယူနိုက်တက်၊ အာဆင်နယ်အပါအဝင် ကလပ်အများအပြားရဲ့ စိတ်ဝင်စားခြင်းခံရသူ ဖြစ်ပါတယ်။

ယိုကီရေးစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ယခုနွေရာသီတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပါအဝင် အပိုဆုကြေးငွေဖြင့် ထွက်ခွာခွင့်ပေးမယ်လို့ စပို့တင်းတာဝန်ရှိသူများနှင့် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားသူပါ။

ဒါပေမဲ့လည်း စပို့တင်းလစ္စဘွန်းဟာ ယိုကီရေးစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ တိုးမြှင့်တောင်းဆိုနေပါတယ်။ ယင်းကြောင့် ယိုကီရေးစ်ဟာ ယူနိုက်တက်သို့ ပြောင်းခွင့်ရရှိရေး ပျက်ပြယ်လာရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

ယခုအခါမှာတော့ ယိုကီရေးစ်ဟာ နွေရာသီတွင် ယူနိုက်တက်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့ခွင့် ရရှိရေးအတွက် စပို့တင်လစ္စဘွန်းနှင့် ပြန်လည်ပူးပေါင်းခြင်း မပြုလုပ်ဘဲ သပိတ်မှောက်လာတော့မှာလည်း ဖြစ်ပါတယ်။