ယူနိုက်တက် ပူးတွဲပိုင်ရှင် INEOS အဖွဲ့ကို တရားစွဲလိုက်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်း

တော့တင်ဟမ် ဟော့စပါးအသင်းဟာ စပွန်ဆာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မန်ယူအသင်း ပိုင်ရှင် INEOS ကို တရားစွဲဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။

မန်ယူအသင်းရဲ့ ရှယ်ယာပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်တို့အဖွဲ့ရဲ့ INEOS အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စပါးအသင်းကို စပွန်ဆာ ပေးခဲ့ဖူးတာ ဖြစ်ပြီး စပါးရဲ့ ကွင်းထိုင်ခုံတွေနဲ့ ကိစ္စရပ် အတော်များများမှာ INEOS က နေရာယူနေပြီးသား ဖြစ်ပါတယ်။

ယခုလို မန်ယူအသင်းကိုပါ ပူးတွဲပိုင်ဆိုင်လိုက်ပြီ ဖြစ်တဲ့ INEOS ရဲ့ လုပ်ရပ်က ၎င်းတို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျတ်ခဲ့တယ်ဆိုပြီး စပါးက ယုံကြည်နေတာကြောင့် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

INEOS ကလည်း မန်ယူအသင်းကို ပူးတွဲပိုင်ဆိုင်ထားတယ်ဆိုပေမယ့် လက်ရှိ မန်ယူအသင်းမှာ ၎င်းတို့ရဲ့ လိုဂိုကို တက်နိုင်သမျှ မပါဝင်အောင် စီမံနေပါတယ်။

စပါးဘက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတာကြောင့် INEOS ရဲ့ စပွန်ဆာကို ပယ်ဖျတ်ပြီး အခြား စပွန်ဆာနဲ့ လက်တွဲဖို့ ဆန္ဒရှိနေပါတယ်။