အရင်ပွဲ မန်ယူ မနိုင်ခဲ့တဲ့ ယန်းဘွိုင်းကို အရန်တွေနဲ့ ကစားမယ်လို့ ကြိုအသိပေးလိုက်တဲ့ နည်းပြ ရန်းနစ်
မန်ချက်စတာ ယူနိုက်တက် နည်းပြ ရက်ဖ် ရန်းနစ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ယန်းဘွိုင်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့် မရသေးတဲ့ အရန် ကစားသမားတွေကို ပွဲထွက်ခွင့် ပေးသွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းအသင်းကို အမှတ်မထင် အရေးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲစဉ်က သူတို့အသင်း အတွက် လက်စားချေရမယ့် ပွဲတပွဲလည်း ဖြစ်ပါတယ်။
မန်ယူက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗီလာရီးရဲလ် ၊ အတ္တလန်တာ ၊ ယန်းဘွိုင်း စတဲ့ အသင်းတွေနဲ့ အုပ်စု F အတွင်း ကျရောက်ခဲ့ရပြီး အုပ်စုပွဲစဉ် ၅ပွဲ ကစားပြီးချိန်မှာပဲ ၃ပွဲနိုင် ၁ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ၁၆သင်းအဆင့်ဆီ တက်လှမ်းထားပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမယ့် ဒီည ယန်းဘွိုင်းနဲ့ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အရေးမပါတော့ပါဘူး။ ဒါပေမယ့် မန်ယူနည်းပြသစ် ရန်းနစ်က ပထမအကျော့ ရှုံးပွဲအတွက် ယန်းဘွိုင်းအသင်းကို လက်စားချေဖို့ ဆုံးဖြတ်ထားသလို ယန်းဘွိုင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ အရန် ကစားသမား အများစုကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
“ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်ကို အရှိန်အဟုန်နဲ့ ကစားခဲ့ရတဲ့ အတွက် ဒီပွဲမှာ တူညီတဲ့ လူစာရင်းမျိုး ထပ်ပြီး အသုံးပြုလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ ကစားသမား တချို့ကို အလှည့်နဲ့ ကစားခွင့် ပေးရပါမယ်။ ဒါပေမယ့်လည်း ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ အနိုင်ရချင်ပါသေးတယ်။
အာရွန် (ဘစ်ဆာကာ) က ဒီပွဲကို ကစားနိုင်တယ်။ ပြီးတော့ လုခ်ရှောလည်း ကစားနိုင်မယ်လို့ ထင်တယ်။ မာတစ်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူပါလိမ့်မယ်။ ပြီးတော့ မာတာနဲ့ လင်ဂတ်တို့ ကစားခွင့် ရမယ်။ ကျွန်တော်တို့က ကစားခွင့် မရသေးတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
ဟန်ဒါဆန်နဲ့ ဗန်ဒီဘိခ်တို့ကလည်း ပွဲထွက် လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ဂရင်းဝုဒ်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ ကစားခွင့် မရခဲ့လို့ သူ့ကို ကစားခွင့် ပေးပါဦးမယ်” လို့ ရန်းဂ်နစ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ရက္ဖ္ ရန္းနစ္ကေတာ့ ယေန႔ညမွာ ယွဥ္ၿပိဳင္ ကစားမယ့္ ယန္းဘြိဳင္းအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ခြင့္ မရေသးတဲ့ အရန္ ကစားသမားေတြကို ပြဲထြက္ခြင့္ ေပးသြားမယ္လို႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။
မန္ယူအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ ယန္းဘြိဳင္းအသင္းကို အမွတ္မထင္ အေရးနိမ့္ခဲ့တာေၾကာင့္ ဒီေန႔ပြဲစဥ္က သူတို႔အသင္း အတြက္ လက္စားေခ်ရမယ့္ ပြဲတပြဲလည္း ျဖစ္ပါတယ္။
မန္ယူက ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗီလာရီးရဲလ္ ၊ အတၱလန္တာ ၊ ယန္းဘြိဳင္း စတဲ့ အသင္းေတြနဲ႔ အုပ္စု F အတြင္း က်ေရာက္ခဲ့ရၿပီး အုပ္စုပြဲစဥ္ ၅ပြဲ ကစားၿပီးခ်ိန္မွာပဲ ၃ပြဲႏိုင္ ၁ပြဲသေရ ၁ပြဲရႈံး ဆိုတဲ့ ရလဒ္နဲ႔ ၁၆သင္းအဆင့္ဆီ တက္လွမ္းထားျပီ ျဖစ္ပါတယ္။
ဒါေၾကာင့္လည္း အုပ္စု ေနာက္ဆုံးပြဲစဥ္ အျဖစ္ ကစားရမယ့္ ဒီည ယန္းဘြိဳင္းနဲ႔ပြဲစဥ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း အတြက္ အေရးမပါေတာ့ပါဘူး။ ဒါေပမယ့္ မန္ယူနည္းျပသစ္ ရန္းနစ္က ပထမအေက်ာ့ ရႈံးပြဲအတြက္ ယန္းဘြိဳင္းအသင္းကို လက္စားေခ်ဖို႔ ဆုံးျဖတ္ထားသလို ယန္းဘြိဳင္းနဲ႔ပြဲစဥ္မွာ အသင္းရဲ႕ အရန္ ကစားသမား အမ်ားစုကို အသုံးျပဳသြားမယ္လို႔ ဆိုပါတယ္။
“ခရစၥတယ္ ပဲေလ့စ္နဲ႔ ပြဲစဥ္ကို အရွိန္အဟုန္နဲ႔ ကစားခဲ့ရတဲ့ အတြက္ ဒီပြဲမွာ တူညီတဲ့ လူစာရင္းမ်ိဳး ထပ္ၿပီး အသုံးျပဳလို႔ မရပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ ကစားသမား တခ်ိဳ႕ကို အလွည့္နဲ႔ ကစားခြင့္ ေပးရပါမယ္။ ဒါေပမယ့္လည္း ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ေတြ အႏိုင္ရခ်င္ပါေသးတယ္။
အာ႐ြန္ (ဘစ္ဆာကာ) က ဒီပြဲကို ကစားႏိုင္တယ္။ ၿပီးေတာ့ လုခ္ေရွာလည္း ကစားႏိုင္မယ္လို႔ ထင္တယ္။ မာတစ္က အသင္းေခါင္းေဆာင္ အျဖစ္ တာဝန္ယူပါလိမ့္မယ္။ ၿပီးေတာ့ မာတာနဲ႔ လင္ဂတ္တို႔ ကစားခြင့္ ရမယ္။ ကြၽန္ေတာ္တို႔က ကစားခြင့္ မရေသးတဲ့ ကစားသမားေတြကို ပြဲထြက္ခြင့္ ေပးဖို႔ ဆုံးျဖတ္ထားပါတယ္။
ဟန္ဒါဆန္နဲ႔ ဗန္ဒီဘိခ္တို႔ကလည္း ပြဲထြက္ လူစာရင္းမွာ ပါဝင္လာပါလိမ့္မယ္။ ဂရင္းဝုဒ္ကလည္း ၿပီးခဲ့တဲ့ ပြဲစဥ္တခ်ိဳ႕မွာ ကစားခြင့္ မရခဲ့လို႔ သူ႔ကို ကစားခြင့္ ေပးပါဦးမယ္” လို႔ ရန္းဂ္နစ္က ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။