မားကပ်စ်ရက်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းတော့မယ့် ပရီးမီးယားလိဂ် ကလပ် ပေါ်လာပါပြီ

နယူးကာဆယ်အသင်းဟာ ယူနိုက်တက်မှ ထွက်ခွာလိုနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်အား ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဒုတိယရာသီဝက်အား အက်စတွန်ဗီလာသို့ အငှားဖြင့် သွားရောက်ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဗီလာအငှားစာချုပ်တွင် ပေါင်သန်း ၃၀ ဖြင့် အပြီးသတ် ပြောင်းနိုင်မဲ့ အချက် ပါဝင်ပေမဲ့ ကလပ်ဘက်က ချန်ပီယံလိဂ်ဝင်ခွင့်မရရှိမှုနှင့်အတူ အပြီးသတ်ခေါ်ယူရေး နောက်ဆုတ်သွားခဲ့ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့လိုနေပြီး စပိန်တွင် အပန်းဖြေရင်း လေ့ကျင့်ခန်းဆင်းနေပါတယ်။

ဒါပေမဲ့ ဘာစီလိုနာမှာ ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရမှုနှင့်အတူ မားကပ်စ်ရက်ဖို့ဒ်ကို ခေါ်ယူရေး ကမ်းလှမ်းလာနိုင်ခြင်း မရှိသေးပါဘူး။

ယခုအခါ နယူးကာဆယ်ဟာ ရက်ဖို့ဒ်အား အငှားဖြင့် ခေါ်ယူရေး ကမ်းလှမ်းရန် စီစဉ်နေပြီ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ အာဆင်နယ်နှင့် လီဗာပူးတို့ စိတ်ဝင်စားနေတဲ့ အလက်ဇန္ဒားအီဆတ်ကို ရောင်းချရန် အစီအစဉ်မရှိပါဘူး။ ၎င်းတို့ဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ကစားရမှာ ဖြစ်လို့ အီဆတ်နှင့် မားကပ်စ်ရက်ဖို့ဒ်တို့အား အလှည့်ကျစနစ်ဖြင့် သုံးရန် ရည်ရွယ်ထားပါတယ်။

ရက်ဖို့ဒ်ဟာ လာမယ့်နှစ် နွေရာသီတွင် အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့် ရရှိနေလိုနေတာကြောင့် လာမယ့်ရာသီက အလွန်အရေးပါတဲ့ ရာသီ ဖြစ်နေပါတယ်။

တဖက်မှာ ယူနိုက်တက်ကလည်း မားကပ်စ်ရက်ဖို့ဒ်ကို အငှားချထားလိုခြင်း မရှိဘဲ အပြီးသတ် ရောင်းချမှုသာ ပြုလုပ်လိုနေပါတယ်။

ရက်ဖို့ဒ်ဟာ ဗီလာတွင် အငှားဖြင့် သွားကစားစဉ်တုန်းက ၁၇ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၆ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။