နောက်လ ရာသီကြိုခရီးစဉ်မှာ ကစားသမား ၄ ဦး ကို မခေါ်သွားဘူးလို့ ကြိုပြီး အသိပေးထားတဲ့ နည်းပြ အမိုရင်
ယူနိုက်တက် နည်းပြ ရူဘင် အမိုရင်က အသင်းရဲ့ လာမယ့် ရာသီကြိုခရီးစဉ်အတွက် ကစားသမား ၄ ဦးကို လူစာရင်းကို ချန်လှပ်ခဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
သရဲနီတွေဟာ လာမယ့်ရာသီမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး လာမယ့်လမှာ လိဒ်စ်ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ဘုန်းမောက်တို့လိုအသင်းတွေနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဟာ မားသီးယပ်စ် ကွန်ညာကို ဒီနွေရာသီ ကစားသမားခေါ်ယူမှုအဖြစ် ပြုလုပ်ထားပြီး ဘရန့်တ်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန် အမ်ဘူးမိုကိုလည်း အပြီးသတ် ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
မန်ယူနိုက်တက်အတွက် တိုက်စစ်မှူးသစ် ခေါ်ယူဖို့က ဦးစားပေးလုပ်ဆောင်ရမယ့်အရာဖြစ်နေပုံပေါ်ခဲ့ပြီး ဂယော်ကီရက်စ်က အာဆင်နယ်ကို ပြောင်းချင်နေတာကြောင့် ဟူဂို အက်ခီတိုက်က အိုးထရက်ဖို့ဒ်ရောက်လာနိုင်တဲ့ကစားသမားအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
The Sun ရဲ့ သတင်းအရ အမိုရင်ဟာ အသင်းလူစာရင်းထဲက အန်တိုနီ၊ ဆန်ချို၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အလက်ဟန်းဒရိုး ဂါနာချိုတို့အားလုံးကို အသင်းသစ် ရှာဖွေခိုင်းထားပြီးဖြစ်ပြီး ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့ လိုက်ပါခွင့်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။