မန်ချက်စတာ ယူနိုက်တက်နဲ့ပဲ ဆက်လက် လက်တွဲရဖို့ များနေတဲ့ မားကပ် ရက်ရှ်ဖို့ဒ်
မန်ယူအသင်းတောင်ပံတိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်တစ်ယောက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း နည်းပါးလာခဲ့ပြီးနောက်မှာတော့ လက်ရှိအသင်းမှာသာ နေရာပြန်ရဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။
အသင်းမှ ထွက်ခွါဖို့ စီစဉ်နေပေမယ့် အဆိုပါ အဂ်လန်သား ပြောင်းချင်နေတာက ဘာစီလိုနာ တစ်သင်းထဲသာ ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါက ရာသီကြို ခရီးစဉ်မတိုင်ခင် အသင်းနဲ့အတူ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ စပိန်ရှိ မာဗယ်လာမှာ လေ့ကျင့်ခန်းအစီအစဉ်တွေ သွားရောက် ပြုလုပ်နေတာကြောင့် ဘာစီလိုနာနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပြီး မန်ယူအသင်းကတော့ လာမယ့်လ ရာသီကြိုပွဲစဉ်တွေ စတင် ကစားတော့မှာ ဖြစ်ပါတယ်။
တစ်ပါတ်လုပ်ခ ပေါင် ၃သိန်း နဲ့ သုံးနှစ်စာချုပ် ကျန်ရှိနေသေးတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လစာဝန်ထုတ်ကို မန်ယူအသင်းဘက်က ဆက်လက် ထမ်းရွက်လိုခြင်း မရှိတော့တာကြောင့် ကစားသမားရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်စေချင်နေပါတယ်။
ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေါင် ၂၅ သန်းကျော်သာ သက်မှတ်ထားပေမယ့် အဆိုပါ ပမာဏကိုတောင် ဘာစီလိုနာက ပေးချေလိုခြင်း မရှိ ဖြစ်နေတာကြောင့် ရက်ရှ်ဖို့ဒ်အတွက် အကျပ်ရိုက်နေရတာ ဖြစ်ပါတယ်။