သက်ကြီး ကစားသမား တစ်ယောက်ကို မထင်မှတ်ဘဲ သက်တမ်းတိုးလိုက်တဲ့ မန်ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အရံဂိုးသမား တွန်ဟီတန်ကို တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သတင်းရရှိပါတယ်။
မန်ယူ အကယ်ဒမီထွက် ဟီတန်ဟာ အသင်းနဲ့ ရာသီပေါင်း ၂၀ အထိ ဖြတ်သန်းနိုင်တော့မှာ ဖြစ်ပြီး ကစားသမားဘဝ တစ်လျှောက် အချိန်အများစုကတော့ အဌားထွက် ကစားနေရင်းနဲ့ ကုန်ဆုံးနေခဲ့ရတာ ဖြစ်ပါတယ်။
ကာဒစ်၊ ဘရစ်တိုး၊ ဘန်လ၊ ဗီလာ စတဲ့ အသင်းတွေထံ အဌားထွက် ကစားခဲ့ဖူးတဲ့ ဟီတန်ဟာ ၎င်းရဲ့ ပထမဆုံး မန်ယူပွဲထွက် ကစားသမားဖြစ်ခွင့်ကိုတော့ အသက် ၃၅ နှစ်ပြည့်မြောက်ပြီးမှသာ စတင် ရရှိခဲ့တာပါ။
လက်ရှိ အချိန်မှာတော့ အသက် ၃၉ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။
အသင်းရဲ့ လက်ရှိ ဂိုးသမား အိုနာနာ၊ ဘာယင်ဒါတို့ ပြီးနောက် တတိယဉီးစားပေးအဖြစ် ဟီတန် ဆက်လက် တာဝန်ထမ်းဆောင်နေဉီးမှာ ဖြစ်ပြီး အဝတ်လဲခန်းအတွင်း ဉီးဆောင်နိုင်မှုတွေကြောင့် မန်ယူက ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပွဲထွက် ဂိုးသမား အိုနာနာ ကို ရောင်းချနိုင်မယ့် ဟန် မရှိပေမယ့် ဂိုးသမားသစ် ရှာဖွေရေးကိုလည်း လုပ်ဆောင်နေပါတယ်။