ကစားသမား ၉ ဦးနဲ့ လမ်းခွဲပြီ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် အတည်ပြု ကြေညာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမား ၉ ဉီးနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။
အဲရစ်ဆင်၊ အီဗန်၊ လင်ဒီလော့ဖ်တို့လို စီနီယာ ကစားသမားတွေလည်း ယခုတစ်ခေါက် လမ်းခွဲတဲ့ စာရင်းထဲ ပါဝင်လာခဲ့ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ ဝေါ့စတား၊ နိုလန်၊ မိုင်လက်စ်၊ မူရေး၊ ဂျက်ကင်းဒန်း၊ ဂရက်ဇ်ယက်ခ် တို့လည်း အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
အသင်းနဲ့ လမ်းခွဲဖို့ သတင်းထွက်ခဲ့တဲ့ ဂိုးသမား တွန်ဟီတန်ကိုတော့ မန်ယူအသင်းက တစ်ရာသီ ထပ်မံသက်တမ်းတိုးခဲ့ပြီး အဓိက ဂိုးသမားပိုင်း နေရာကိုတော့ အပြောင်းအလဲပြုလုပ်ဖို့ ထပ်မံစီစဉ်သွားမှာ ဖြစ်ပါတယ်။
အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဝါရင့် ကွင်းလယ်လူ အဲရစ်ဆင်ကတော့ အသင်းအတွက် ကာလတိုသာ လာရောက်ပူးပေါင်းပေးခဲ့ပေမယ့် ပွဲပေါင်း ၁၀၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။
ဒါ့အပြင် အသင်းနောက်ခံလူဟောင်း အီဗန်တို့လည်း ကစားသမားဘဝ ကုန်ဆုံးချိန်နီးမှာ အသင်းအတွက် ထပ်မံလာရောက် ပေးဆပ်ကစားပေးခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုအပြောင်းအရွှေ့ရာသီ မပိတ်သိမ်းခင် ဂနာချို၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ စတဲ့ ကစားသမား ၄ ဉီးကိုတော့ အသင်းမှ ရှင်းထုတ်ဖို့ အဓိက ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ကစားသမား ၄ ဉီးစလုံးက နည်းပြရဲ့ စီမံကိန်းထဲ ပါဝင်ခြင်း မရှိတော့ကြောင်း သတင်းရရှိပါတယ်။