အာတီတာ လက်ထောက် အဖြစ် အာဆင်နယ်အသင်း နည်းပြအဖွဲ့ထဲ ဝင်တော့မယ့် သရဲနီဟောင်းကြီး
အာဆင်နယ် နည်းပြ မီခေးလ်အာတီတာဟာ နည်းပြအဖွဲ့ဝင် ကားလို့စ်ကူစတာ ထွက်ခွာသွားပြီးနောက် သရဲနီဟောင်းကြီး ဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း ဂါဘရီရယ်ဟိန့်ဇ်အား အစားထိုးခန့်အပ်လာတော့မှာ ဖြစ်ပါတယ်။
ဂါဘရီရယ်ဟိန့်ဇ်ဟာ The Athletic က ကစားသမားဘဝမှ အနားယူပြီးနောက် Godoy Cruz ၊ Atlanta United နှင့် Newell’s Old Boys တို့အား နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။
၎င်းဟာ ဒီနှစ်မှာတော့ အာတီတာလက်အောက်တွင် အာဆင်နယ်နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ကာ ပရီးမီးယားလိဂ်သို့ တကျော့ပြန်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
ဟိန့်ဇ်ဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့အပြင် အာဂျင်တီးနားလက်ရေးစင်အသင်းမှာလည်း ကစားခဲ့သူ ဖြစ်ပါတယ်။
ဘယ်နောက်ခံလူအဖြစ်သာမက ဗဟိုနောက်ခံလူနေရာမှာလည်း ကစားနိုင်ခဲ့တဲ့ ဟိန့်ဇ်ဟာ အင်္ဂလန်၊ စပိန်၊ ပြင်သစ်တို့တွင် အဆင့်မြင့်တန်းလိဂ်ဖလားတို့ ရယူနိုင်ခဲ့တဲ့အပြင် အာဂျင်တီးနားအသင်းနှင့်အတူ အိုလံပစ်ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ၇၂ ပွဲကစားခဲ့ပြီး ကမ္ဘာ့ဖလား ၂ ကြိမ် ကစားခဲ့ပါတယ်။
ဟိန့်ဇ်ဟာ အာဆင်နယ်နည်းပြအဖွဲ့တွင် လက်ထောက်နည်းပြအယ်ဘတ်စတူဗန်ဘတ်၊ အလွတ်တည်ကန်ဘောနည်းပြနီကိုလပ်စ်ဂျိုဗာ၊ ဂိုးနည်းပြအိုင်နာကီကာနာတို့နှင့်အတူ တွဲလုပ်ရပါမယ်။
အာတီတာနှင့် ဂါဘရီရယ်ဟိန့်ဇ်တို့ဟာ ပီအက်စ်ဂျီမှာတုန်းက အတူတွဲကစားခဲ့ကြဖူးသူများလည်း ဖြစ်ပါတယ်။