ရောင်းခဲ့တဲ့ သရနီဟောင်း ကစားသမားကို ဈေးကြီးပေး ပြန်ခေါ်ဖို့ ယူနိုက်တက်တို့ ခြေလှမ်းပြင်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ထံ ရောင်းချခဲ့ဖူးတဲ့ အီလန်ဂါကို ဈေးကြီးပေး ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းဟာ အီလန်ဂါကို လွန်ခဲ့တဲ့ ၂၀၂၃ တုန်းက ပေါင် ၁၅ သန်းနဲ့ ဖောရက်စ်ထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အီလန်ဂါကိုယ်တိုင်က အရင်နဲ့မတူတဲ့ ခြေစွမ်းတွေ ရရှိပိုင်ဆိုင်လာခဲ့တာကြောင့် ယူနိုက်တက်က ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။

နယူးကာဆယ်အသင်းကလည်း အီလန်ဂါကို ထိပ်ဆုံးပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ၎င်းတို့ ကမ်းလှမ်းခဲ့တဲ့ ပေါင် ၄၅ သန်းကို ဖောရက်စ်က ငြင်းဆန်ပယ်ချလိုက်တာကြောင့် မန်ယူတို့ အဆိုပါ ပမာဏထက် ပိုသုံးရဖို့ ရှိနေပါတယ်။

ဒါပေမယ့် မန်ယူအသင်းက အီလန်ဂါကို ရောင်းချလိုက်စဉ်က နောက်ထပ် ဖြစ်ပေါ်လာမယ့် အပြောင်းအရွှေ့သစ်ထဲကနေ ၂၀ ရာခိုင်နှုန်းအထိ ပြန်လည် ရယူပိုင်ခွင့်ပါ ထည့်သွင်းချုပ်ဆိုခဲ့တာကြောင့် အီလန်ဂါကို မခေါ်နိုင်ခဲ့ရင်တောင် အနည်းဆုံး ပေါင် ၁၅ သန်းဝန်းကျင်အထိ အကျိုးအမြတ် ရရှိဖွယ်ရှိနေပါတယ်။