ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်မယ့် ၃သင်းကို ရွေးထုတ်သွားတဲ့ သရဲနီဟောင်း ဖာဒီနန်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအပြီး ခြေစွမ်းတွေ အရ ဒီရာသီ ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့ အသင်း၃သင်း ကို မန်ယူ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ရွေးထုတ်သွားခဲ့ပါတယ်။

မနေ့ညက ပွဲစဉ်တွေမှာ လီဗာပူးအသင်းဟာ အေစီမီလန်ကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် အုပ်စု B ကနေ ပွဲတိုင်းနိုင် ရမှတ် ၁၈မှတ်နဲ့ တက်သွားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးလည်း ပီအက်စ်ဂျီနဲ့အတူ နောက်တစ်ဆင့် ရောက်သွား ခဲ့ပါတယ်။ အေဂျက်စ်ကလည်း လီဗာပူးလို ပွဲတိုင်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း နောက်တစ်ဆင့်တက်ဖို့ သေချာသွားပြီဖြစ်ပြီး ချဲလ်ဆီးလည်း နောက်တစ်ဆင့် တက်သလို ဂျူဗင်တပ်စ်ကလည်း တက်သွားပြီ ဖြစ်ပါတယ်။ ဖာဒီနန်က ချဲလ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေဟာ ယခုနှစ်ရာသီ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်တဲ့ အသင်းတွေဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။

ဖာဒီနန်က “ ကျွန်တော် အရင်က အင်္ဂလိပ် အသင်း၃သင်းကို မမြင်ခဲ့ဘူး။ ဘိုင်ယန်လည်း ရနိုင်ပေမဲ့ ချဲလ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ အင်အားအရမ်းတောင့်တင်းသလို အကောင်းဆုံး နည်းပြ ၃ဦးလည်း ပိုင်ဆိုင်ထားပါတယ်။ နောက်ပိုင်းအဆင့်တွေ ရောက်လာတဲ့အခါ နည်းပြဆီကနေ အတွေ့အကြုံတွေ လိုအပ်လာပါပြီ”လို့ ပြောခဲ့ပါတယ်။

အုပ်စုတွင်း လီဗာပူးရဲ့ စွမ်းဆောင်ရည်အပါ် ဖာဒီနန်က “သူတို့က အရမ်းကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး စံချိန်တွေ ကလည်း သူမတူအောင် ကောင်းပါတယ်။ လူတွေ အပြောင်းအလဲလုပ်တာတောင် ဆန်စီရိုမှာ အေးဆေးပါပဲ။ သူ့တို့ အတွက်က ခက်ခဲတဲ့ အလုပ်ဖြစ်ပေမဲ့ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi

ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြအၿပီး ေျခစြမ္းေတြ အရ ဒီရာသီ ခ်န္ပီယံလိဂ္ဖလား ရႏိုင္တဲ့ အသင္း၃သင္း ကို မန္ယူ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ေရြးထုတ္သြားခဲ့ပါတယ္။

မေန႔ညက ပြဲစဥ္ေတြမွာ လီဗာပူးအသင္းဟာ ေအစီမီလန္ကို ၂-၁ဂိုးနဲ႔ ႏိုင္ခဲ့ၿပီးေနာက္ အုပ္စု B ကေန ပြဲတိုင္းနုိင္ ရမွတ္ ၁၈မွတ္နဲ႔ တက္သြားခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးလည္း ပီအက္စ္ဂ်ီနဲ႔အတူ ေနာက္တစ္ဆင့္ ေရာက္သြား ခဲ့ပါတယ္။ ေအဂ်က္စ္ကလည္း လီဗာပူးလို ပြဲတိုင္းႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ကလည္း ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာသြားၿပီျဖစ္ၿပီး ခ်ဲလ္ဆီးလည္း ေနာက္တစ္ဆင့္ တက္သလို ဂ်ဴဗင္တပ္စ္ကလည္း တက္သြားၿပီ ျဖစ္ပါတယ္။ ဖာဒီနန္က ခ်ဲလ္ဆီး၊ မန္စီးတီးနဲ႔ လီဗာပူးအသင္းေတြဟာ ယခုႏွစ္ရာသီ ခ်န္ပီယံလိဂ္ဖလား စိန္ေခၚႏိုင္တဲ့ အသင္းေတြျဖစ္တယ္ လို႔ ဆိုခဲ့ပါတယ္။

ဖာဒီနန္က “ ကြၽန္ေတာ္ အရင္က အဂၤလိပ္ အသင္း၃သင္းကို မျမင္ခဲ့ဘူး။ ဘိုင္ယန္လည္း ရႏိုင္ေပမဲ့ ခ်ဲလ္ဆီး၊ မန္စီးတီးနဲ႔ လီဗာပူးတို႔ဟာ အင္အားအရမ္းေတာင့္တင္းသလို အေကာင္းဆုံး နည္းျပ ၃ဦးလည္း ပိုင္ဆိုင္ထားပါတယ္။ ေနာက္ပိုင္းအဆင့္ေတြ ေရာက္လာတဲ့အခါ နည္းျပဆီကေန အေတြ႕အႀကဳံေတြ လိုအပ္လာပါၿပီ”လို႔ ေျပာခဲ့ပါတယ္။

အုပ္စုတြင္း လီဗာပူးရဲ႕ စြမ္းေဆာင္ရည္အပၚ ဖာဒီနန္က “သူတို႔က အရမ္းေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ၿပီး စံခ်ိန္ေတြ ကလည္း သူမတူေအာင္ ေကာင္းပါတယ္။ လူေတြ အေျပာင္းအလဲလုပ္တာေတာင္ ဆန္စီ႐ိုမွာ ေအးေဆးပါပဲ။ သူ႔တို႔ အတြက္က ခက္ခဲတဲ့ အလုပ္ျဖစ္ေပမဲ့ အေကာင္းဆုံး လုပ္ႏိုင္ခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။