မန်ချက်စတာ ယူနိက်တက်နဲ့ အမ်ဘူမို အပြောင်းအရွှေ့ ပြီးဆုံးပြီလား
မန်ယူအသင်းနဲ့ ဆွေးနွေးမှု အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုး အမ်ဘူမို တစ်ယောက် ဘရန်းဖို့ဒ်နဲ့သာ ပြန်လည် လာရောက်လေ့ကျင့်နေကြောင်း သတင်းရရှိပါတယ်။
အမ်ဘူမိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် မန်ယူအသင်းဘက်က ပေါင် ၆၂.၅ သန်းထက်ပိုမိုပေးချေလိုခြင်း မရှိ ဖြစ်နေတာကြောင့် ဘရန်းဖို့ဒ်နဲ့ ညှိနှိုင်းလို့ မရဖြစ်နေပါတယ်။
ပေါင် သန်း ၇၀ အထိ အလိုရှိနေတဲ့ ဘရန်းဖို့ဒ်အတွက် မန်ယူအသင်းက နောက်ထပ် ထပ်တိုး ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ မရှိဖြစ်နေတာကြောင့် ကစားသမားအနေနဲ့ အကျပ်ရိုက်နေပါတယ်။
ဒါကြောင့် အမ်ဘူမို က လက်ရှိ ကလပ် ဘရန်းဖို့ဒ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အသင်းနဲ့ လာရောက် ပူးပေါင်းနေရပါတယ်။
ဘရန်းဖို့ဒ်အသင်းဘက်ကတော့ ကစားသမားကို အသင်းထံ လာရောက်ပူးပေါင်းခိုင်းထားပေမယ့် အသင်းမှ ထွက်ဖို့ ပြောဆိုပြီးသား ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ကို အရင်လိုအခွင့်အရေးမျိုး ပြန်လည် ပေးအပ်ဖို့ စီစဉ်ထားခြင်း မရှိပဲ ယခုနွေအတွင်း ရောင်းချနိုင်ဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။