ဂါနာချို ဂျက်ဆန် အလဲအထပ်၊ ချဉ်းကပ်နေတဲ့ ပီအက်စ်ဂျီ နောက်ခံလူနဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းထူးများ
မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းနောက်ခံလူ လူးကပ်စ် ဘာရယ်ဒိုကို ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးဟာ မန်ယူနိုက်တက် ကြယ်ပွင့် ဂါနာချိုကို လက်ရှိပေါက်ဈေး ပေါင်သန်း ၅၀ ထက်နည်းပါးတဲ့ပမာဏနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။
အာဂျင်တီးနားတောင်ပံကစားသမားကလည်း ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ သရဲနီကြယ်ပွင့်ကို ဆွဲဆောင်နိုင်ဖို့ အခက်အခဲ မရှိဖို့များပြီး အရင်တုန်းက ဂါနာချိုဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ချင်တယ်လို့ သတင်းတွေကဖော်ပြခဲ့ဖူးပါတယ်။
တဖက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နီကိုးလတ်စ် ဂျက်ဆင်နဲ့ ဂါနာချိုကို အလဲအထပ် ပြုလုပ်သွားချင်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း တက်ဒီ ရှယ်ရင်ဟမ်က ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မထိုက်တန်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ရှယ်ရင်ဟမ်က ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူနိုက်တက်လို ထိပ်တန်းအသင်းမှာ ကစားရတာကို ကျေးဇူးမတင်ဘဲ အသင်းကနေ ထွက်ချင်တယ်လို့ ပြောခဲ့တာက စိတ်ဝိဉာဉ်ကို ဖျက်ဆီးခဲ့တာလို့ ယုံကြည်နေပြီး အိုးထရက်ဖို့ဒ်မှာတောင် ထိပ်တန်းအဆင့်အထိ တိုးတက်အောင် မလုပ်နိုင်ခဲ့ရင် ဘာစီလိုနာလို အသင်းကို ပြောင်းရွှေ့တာက နောက်ထပ်အဆင့်တခုကို လှမ်းရတာဖြစ်လို့ ဒီလိုအပြောင်းအရွှေ့မျိုး ပြုလုပ်ဖို့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ ဘရန်းဖို့ဒ်ကြားက ပြောင်းရွှေ့ကြေး ညှိနှိုင်းမရ ဖြစ်နေသေးတာကြောင့် အမ်ဘီယူမိုရဲ့ အပြောင်းအရွှေ့က ကြန့်ကြာနေဉီးမှာ ဖြစ်ပါတယ်။