အမ်ဘူမိုအား တတိယအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်ပြီးနောက် ဘရန့်ဖို့ဒ်ရဲ့ အဖြေကို ယူနိုက်တက် စောင့်ဆိုင်းနေ
မန်ချက်စတာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တိုက်စစ်သမား ဘရိုင်ယန် အမ်ဘူမိုအား ခေါ်ယူရေးအတွက် ပေါင်သန်း ၇၀ အထိ တန်ကြေးရှိလာမဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်လာပါတယ်။
ယူနိုက်တက်ဟာ ပေါင် ၆၅ သန်းအပြင် အပိုဆုကြေးငွေ ပေါင် ၅ သန်း ထပ်မံပေးမဲ့အချက်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘရန့်ဖို့ဒ်ဘက်ကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုအပေါ် ဆွေးနွေး တုန့်ပြန်မှု မပြုလုပ်ရသေးပါဘူး။
ယူနိုက်တက်ဟာ လာမယ့်အင်္ဂါနေ့တွင် အမေရိကန်သို့ ရာသီကြိုခြေစမ်းပွဲ ၃ ပွဲမကစားမီ အမ်ဘူမိုအား ခေါ်ယူရေး အပြီးသတ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်၊ ဗီလာဂိုးသမားမာတီနက်ဇ်တို့အား ခေါ်ယူရန်လည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါသေးတယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ ချီကာဂိုသို့ မသွားရောက်မီ အမ်ဘူမိုအပြောင်းအရွှေ့အပြီးသတ်ရေးအတွက် အပြည့်အဝ အာရုံစိုက်နေပါတယ်။
တကယ်လို့များ အမ်ဘူမိုကိုသာ ခေါ်ယူလာနိုင်ပါက ယူနိုက်တက်နည်းပြအေမိုရမ်ဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို ကွင်းလယ်အဖျက်နေရာမှာ အသုံးပြုပြီး ကန်ညာနှင့် အမ်ဘူမိုတို့အား တိုက်စစ်မှူးနောက်တွင် အသုံးပြုလာဖို့ ရှိပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ အသင်းရဲ့ တိုက်စစ်သမားများဖြစ်ကြတဲ့ ဂျာဒွန်ဆန်ချို၊ အလီဂျန်ဒရိုဂါနာချို၊ မားကပ်စ်ရက်ဖို့ဒ်နှင့် အန်တိုနီတို့အား ရောင်းချနိုင်ရန် ကြိုးပမ်းနေပါတယ်။