လမိုင်း မကပ်သေးတဲ့ အမော်ရင်နဲ့ မန်ချက်စတာ ယူနိုက်တက်၊ ခြေစမ်းပွဲကန်တာတောင် သောကတွေ စပေးနေပါပြီ
နည်းပြ အမော်ရင်ရဲ့ ကစားကွက်နဲ့ ယူနိုက်တက်ကစားသမားတွေ အံဝင်လာပြီဆိုတဲ့ ခံစားချက်မျိုး အခုအထိ မရသေးတာ အမှန်ပဲ။
ညက ကစားခဲ့တဲ့ လိဒ်စ်နဲ့ပွဲ ပထမပိုင်းမှာ ပွဲထွက်ခဲ့တဲ့ ၁၁ ယောက်ထဲမှာ လူသစ်နှစ်ယောက်ဖြစ်တဲ့ ကူညာ၊ ဒီယေဂိုလီယွန်၊ လူငယ်တွေဖြစ်ကြတဲ့ ချီဒိုအိုဘီ၊ ကော်လီယာတို့ပြီးရင် ကျန်တဲ့သူ အများစုဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမော်ရင်ရဲ့ ၃-၄-၂-၁ ကစားကွက်အောက်မှာ ကစားခဲ့ကြသူတွေချည်းပဲ။
ဂိုးသမားနေရာမှာ ဘေယင်ဒီယာကလွဲရင် Outfield ကစားသမားတွေဖြစ်တဲ့ မက်ဇ်ယောင်အီ၊ ဒီလိဂ်၊ လုခ်ရှော၊ ဒီယာလို၊ ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်တို့ဟာ အခုလောက်ဆို ကစားကွက်နဲ့အံဝင်တဲ့ပုံစံမျိုးပြသင့်နေပြီ။
အခုပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ Body Language၊ Facial Expression ကို ကြည့်ရတာ ရာသီသစ်အတွက် အားတက်သရော Active ဖြစ်နေတဲ့ပုံမပေါက်ဘဲ မနှစ်က Trauma အရိပ်အောက်ကနေ ရုန်းမထွက်နိုင်သေးသလို စိတ်အားထက်သန်မှု မရှိဘဲ Dull ဖြစ်နေသလို ခံစားမိပါတယ်။
အမော်ရင်ကိုယ်တိုင်ကလည်း ရာသီကြိုခြေစမ်းပွဲမှာတောင် ဖိအားဒဏ်တွေခံစားနေရသလိုဖြစ်နေပြီး ယူနိုက်တက် တစ်သင်းလုံးက ရာသီသစ်ကျရင် မနှစ်ကထက် ပိုကောင်းအောင် လုပ်ပြမယ်ဆိုတဲ့ အရိပ်အယောင် မတွေ့ခဲ့ရဘူး။
ဒါက သာမန်ခြေစမ်းပွဲဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး အရှက်တကွဲဖြစ်ခဲ့တာတွေကို နည်းနည်းသိက္ခာ ပြန်ဆယ်ဖို့နဲ့ ယုံကြည်ချက်တည်ဆောက်ဖို့ အနိုင်ရလဒ်တော့ ယူသင့်တာ အမှန်ပဲ။
ဒါပေမဲ့ လိဒ်စ်အသင်းကတောင် Big Chances တချို့ရခဲ့ပြီး တွမ်ဟီတန် အသည်းအသန်ကာကွယ်ရတာမျိုးတွေရှိခဲ့တယ်။ ဒုတိယပိုင်းမှာ အမော်ရင်က ထုံးစံအတိုင်း တစ်သင်းလုံးကို လူစားလဲခဲ့ပေမဲ့ ကစားပုံက သိသိသာသာ ပြောင်းလဲသွားတာတော့ မမြင်ခဲ့ရဘူး။
နည်းနည်း ချီးကျူးရမှာက ဒါလော့တ်နဲ့ဒေါ်ဂူတို့ရဲ့ တိုက်စစ်လမ်းကြောင်းကစားပုံ၊ အူဂါတေက ကွင်းလယ်ကို တည်ငြိမ်မှုရှိရှိနဲ့ ထိန်းကျောင်းကစားတာတွေလောက်ပဲရှိတယ်။
ဒုတိယပိုင်းမှာ ယူနိုက်တက် ဂိုးသွင်းခွင့်တချို့ရပေမဲ့ ဒေါ်ဂူရဲ့ကန်ချက်ကို မေလီယေ ကာကွယ်ခဲ့သလို ပယ်နယ်တီဧရိယာအတွင်း ကိုဘီမင်နူး ပိတ်သွင်းမှုကိုလည်း မေလီယေ ခြေထောက်နဲ့တားဆီးခဲ့လို့ ဂိုးမရှိသရေနဲ့ပွဲပြီးခဲ့ပါတယ်။
ကစားသမားသစ် ကူညာကတော့ ပထမပိုင်းမှာ ပါဝင်ကစားခဲ့ပြီး အတိုင်းအတာတစ်ခုလောက်တော့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။