အက်စတွန်ဗီလာကြယ်ပွင့်ကို ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်စ်တွန်ဗီလာ အသင်းတိုက်စစ်ကစားသမား ဝက်စ်ကင်အတွက် ကမ်းလှမ်းမှုအသစ် ထပ်မံပြုလုပ်လိုက်ကြောင်း သတင်းရရှိပါတယ်။
အသက် ၂၉ နှစ်အရွယ်တိုက်စစ် ကစားသမားကို မန်ယူတို့က အစောပိုင်းကတည်းက ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး ဗီလာ အသင်းဘက်ကတော့ ပေါင် သန်း ၆၀ ဝန်းကျင် ပမာဏအထိ တောင်းဆိုထားပါတယ်။
အာဆင်နယ်အသင်းအပြင် စီးရီးအေ အသင်းအချို့က ဝက်စ်ကင်ကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ယခုတစ်ခေါက်မှာတော့ မန်ယူအသင်းက တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ကြေး အတိအကျကိုတော့ မသိရှိရသေးပါဘူး။
ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းထံ အပြီးသတ် ခေါ်ယူခွင့် ပေါင် သန်း ၄၀ ပါစာချုပ်နဲ့ အဌားထွက်ခွါခိုင်းခဲ့အပြီးမှာတော့ အမိုရင် အနေနဲ့ တောင်ပံတိုက်စစ်အတွက် လူသစ် ထပ်မံခေါ်ယူလိုနေပါတယ်။
ဗီလာ တိုက်စစ်သမား ဝက်စ်ကင်ကိုတော့ အသင်းတာဝန်ရှိသူတွေကိုယ်တိုင်က ထောက်ခံချက်ပေးထားကြောင်း သတင်းရရှိပါတယ်။