အိုဝင်၊ ဖာဒီနန်၊ ပီတာခရော့ချ် တို့ ဝေဖန်ရေးဆရာကြီးတွေ ဝိုင်းချီးကျူးခံနေရတဲ့ လီဗာပူး တိုက်စစ်မှုး

လီဗာပူးတိုက်စစ်မှုး မိုဆာလာကတော့ ဒီရာသီ ဂိုးသွင်းကြမ်းနေပြီး ခြေစွမ်းကောင်းတွေ မက်မောဖွယ် ပြသနေတာပါ။ မနေ့ညက အေစီ မီလန် နဲ့ ပွဲမှာ ထပ်မံ ဂိုးသွင်းယူပြလိုက်တာကြောင့် ဆာလာဟာ အီယန် ရှပ်ရှ် နောက်ပိုင်း လီဗာပူး အတွက် 5 ရာသီ ဆက်တိုက် ဂိုး ၂၀နဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုး သွားခဲ့ ပါတယ်။

ယူနိုက်တက် ခံစစ်မှုးဟောင်းကြီး ရီယို ဖာဒီနန် ကတော့ ဆာလာ ရဲ့ အပြစ်ပြောစရာ မလိုလောက်အောင် အဆုံးသတ် ကောင်းလွန်းနေတဲ့ အချက်ဟာ “မြင့်မားလွန်းတဲ့ ယုံကြည်ချက်တွေ” ကြောင့် ဖြစ်တယ် လို့ ဆိုလိုက်ပြီး ၊ ပီတာ ခရောက်ချ် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘောလုံးသမားလို့ အခိုင်အမာ ညွှန်းဆိုသွားခဲ့ ပါတယ်။

ဆာလာ ဟာ ဆန်စီရို ကွင်းကြီးထဲမှာ ချန်ဘာလိန် ရဲ့ အပြင်း ကန်သွင်းချက်ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အပိုင် ပိတ်သွင်းရင်း အသင်းအတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ် အိုဝင်က “ သူ့ ပုံစံ ကြည့်ရတာ ဂိုးသွင်းပြဖို့ အရမ်းကို လွယ်ကူလွန်းနေသလိုပါပဲ။ တကယ်တော့ အဲဒီ အနေအထားမှာ ဘောလုံးကို အဆုံးသတ်ပြဖို့ ဆိုတာ လုံး၀ လွယ်ကူတာမျိုး မဟုတ်ပါဘူး။

သူကတော့ ဘောလုံး က ကျလာတဲ့ တပြိုင်နက် တစ်ခါတည်းကို ကန်ထည့်ပြလိုက်တာလေ။ ဒါက တစ်ကိုက်လောက် နိမ့်သွားမယ် (သို့) တစ်ကိုက်လောက် မြင့်သွားမယ် ဆိုရင် ဂိုးသမား က ကာကွယ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ တည်တည်ငြိမ်ငြိမ် နဲ့ လုပ်ပြသွားတာပါ။

သူ့ရဲ့ ကစားသမား ဘ၀ အစောပိုင်းမှာတော့ သာမန် အဆုံးသတ် ကောင်းမွန်တဲ့သူ တစ်ယောက်အဖြစ်ပဲ မြင်ခဲ့ကြတာပါ။ အခုချိန်မှာတော့ ဆာလာ ဟာ မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ ဂိုးသွင်းကောင်းတဲ့သူမျိုး ဖြစ်နေပါပြီ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မိုက်ကယ် အိုဝင် ရဲ့ ပြောဆိုချက်က ဖာဒီနန် ကလဲ ထောက်ခံခဲ့ပြီး အခုလို သွင်းဂိုးတွေ ဆက်တိုက် ကောင်းလာတာဟာ သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ကနေ အစပြု လာခဲ့တာလို့ ဆိုပါတယ်။

“ အခု ဆိုရင် မို ဆာလာ အခွင့်အရေး ရလာတာ နဲ့ သွင်းဂိုးတွေ အကြိမ်တိုင်းရဖို့ မျှော်လင့်လို့ ရနေပါပြီ။ သူမှာ ကန်သွင်းခွင့် ရှိနေပြီ ဆိုတာ နဲ့ ဂိုးပေါက်တည့်မလား ၊ ဂိုးအဖြစ် ပြောင်းလဲ ပြမလားပဲ စောင့်ကြည့်နေရတာပါ။ ဒါတွေ အများစုက ခိုင်မာတဲ့ ယုံကြည်မှုတွေ ကနေ တဆင့် ပေါက်ဖွားလာခဲ့တာပါ။ ယုံကြည်မှုတွေ ပိုရှိလာလေလေ ၊ စွမ်းဆောင်ရည်တွေ က ပိုကောင်းလာလေပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာ ခရော့ချ် ကတော့ “ မို ဆာလာ ရဲ့ အဆုံးသတ် ကောင်းမွန်မှု က ရက်စက်လွန်းပါတယ်။ လီဗာပူး အနေနဲ့လဲ ကစားအား ခြွေပြီး ကစားလို့ ရခဲ့ပေမယ့် ၊ သူတို့က ဘယ်တုန်းကမှ ဒါမျိုး မလုပ်ပါဘူး။ အဆုံးသတ်ပိုင်းတွေ ဆိုရင် လက်လန်လွန်းတယ်ဗျာ။

မို ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘောလုံးသမားပါ။ သူ့ရဲ့ နောက်မှာ ဘယ်လို ကစားသမားမျိုးပဲ ကပ်လာနေပါစေ ၊ သူ့စွမ်းဆောင်ရည်က အဲဒီထက်ကို ပိုကောင်းလွန်းနေပါတယ်” လို့ ပြောဆို သွားခဲ့ပါတယ်။

ZG

လီဗာပူးတိုက္စစ္မႈး မိုဆာလာကေတာ့ ဒီရာသီ ဂိုးသြင္းၾကမ္းေနျပီး ေျခစြမ္းေကာင္းေတြ မက္ေမာဖြယ္ ျပသေနတာပါ။ မေန႔ညက ေအစီ မီလန္ နဲ႔ ပြဲမွာ ထပ္မံ ဂိုးသြင္းယူျပလိုက္တာေၾကာင့္ ဆာလာဟာ အီယန္ ရွပ္ရွ္ ေနာက္ပိုင္း လီဗာပူး အတြက္ 5 ရာသီ ဆက္တိုက္ ဂိုး ၂၀နဲ႕ အထက္ သြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမား အျဖစ္ မွတ္တမ္းေရးထိုး သြားခဲ့ ပါတယ္။

ယူႏိုက္တက္ ခံစစ္မႈးေဟာင္းႀကီး ရီယို ဖာဒီနန္ ကေတာ့ ဆာလာ ရဲ႕ အျပစ္ေျပာစရာ မလိုေလာက္ေအာင္ အဆုံးသတ္ ေကာင္းလြန္းေနတဲ့ အခ်က္ဟာ “ျမင့္မားလြန္းတဲ့ ယုံၾကည္ခ်က္ေတြ” ေၾကာင့္ ျဖစ္တယ္ လို႔ ဆိုလိုက္ၿပီး ၊ ပီတာ ခေရာက္ခ်္ ကေတာ့ လက္ရွိ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆုံး ေဘာလုံးသမားလို႔ အခိုင္အမာ ၫႊန္းဆိုသြားခဲ့ ပါတယ္။

ဆာလာ ဟာ ဆန္စီ႐ို ကြင္းႀကီးထဲမွာ ခ်န္ဘာလိန္ ရဲ႕ အျပင္း ကန္သြင္းခ်က္ကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အပိုင္ ပိတ္သြင္းရင္း အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

မိုက္ကယ္ အိုဝင္က “ သူ႔ ပုံစံ ၾကည့္ရတာ ဂိုးသြင္းျပဖို႔ အရမ္းကို လြယ္ကူလြန္းေနသလိုပါပဲ။ တကယ္ေတာ့ အဲဒီ အေနအထားမွာ ေဘာလုံးကို အဆုံးသတ္ျပဖို႔ ဆိုတာ လုံး၀ လြယ္ကူတာမ်ိဳး မဟုတ္ပါဘူး။

သူကေတာ့ ေဘာလုံး က က်လာတဲ့ တၿပိဳင္နက္ တစ္ခါတည္းကို ကန္ထည့္ျပလိုက္တာေလ။ ဒါက တစ္ကိုက္ေလာက္ နိမ့္သြားမယ္ (သို႔) တစ္ကိုက္ေလာက္ ျမင့္သြားမယ္ ဆိုရင္ ဂိုးသမား က ကာကြယ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ သူကေတာ့ တည္တည္ၿငိမ္ၿငိမ္ နဲ႔ လုပ္ျပသြားတာပါ။

သူ႔ရဲ႕ ကစားသမား ဘ၀ အေစာပိုင္းမွာေတာ့ သာမန္ အဆုံးသတ္ ေကာင္းမြန္တဲ့သူ တစ္ေယာက္အျဖစ္ပဲ ျမင္ခဲ့ၾကတာပါ။ အခုခ်ိန္မွာေတာ့ ဆာလာ ဟာ မယုံၾကည္ႏိုင္စရာ ေကာင္းလြန္းတဲ့ ဂိုးသြင္းေကာင္းတဲ့သူမ်ိဳး ျဖစ္ေနပါၿပီ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

မိုက္ကယ္ အိုဝင္ ရဲ႕ ေျပာဆိုခ်က္က ဖာဒီနန္ ကလဲ ေထာက္ခံခဲ့ၿပီး အခုလို သြင္းဂိုးေတြ ဆက္တိုက္ ေကာင္းလာတာဟာ သူ႔ရဲ႕ ခိုင္မာတဲ့ ယုံၾကည္မႈေတြ ကေန အစျပဳ လာခဲ့တာလို႔ ဆိုပါတယ္။

“ အခု ဆိုရင္ မို ဆာလာ အခြင့္အေရး ရလာတာ နဲ႔ သြင္းဂိုးေတြ အႀကိမ္တိုင္းရဖို႔ ေမွ်ာ္လင့္လို႔ ရေနပါၿပီ။ သူမွာ ကန္သြင္းခြင့္ ရွိေနၿပီ ဆိုတာ နဲ႔ ဂိုးေပါက္တည့္မလား ၊ ဂိုးအျဖစ္ ေျပာင္းလဲ ျပမလားပဲ ေစာင့္ၾကည့္ေနရတာပါ။ ဒါေတြ အမ်ားစုက ခိုင္မာတဲ့ ယုံၾကည္မႈေတြ ကေန တဆင့္ ေပါက္ဖြားလာခဲ့တာပါ။ ယုံၾကည္မႈေတြ ပိုရွိလာေလေလ ၊ စြမ္းေဆာင္ရည္ေတြ က ပိုေကာင္းလာေလပါပဲ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။

လီဗာပူး တိုက္စစ္မႈးေဟာင္း ပီတာ ခေရာ့ခ်္ ကေတာ့ “ မို ဆာလာ ရဲ႕ အဆုံးသတ္ ေကာင္းမြန္မႈ က ရက္စက္လြန္းပါတယ္။ လီဗာပူး အေနနဲ႔လဲ ကစားအား ေႁခြၿပီး ကစားလို႔ ရခဲ့ေပမယ့္ ၊ သူတို႔က ဘယ္တုန္းကမွ ဒါမ်ိဳး မလုပ္ပါဘူး။ အဆုံးသတ္ပိုင္းေတြ ဆိုရင္ လက္လန္လြန္းတယ္ဗ်ာ။

မို ဟာ လက္ရွိ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆုံး ေဘာလုံးသမားပါ။ သူ႔ရဲ႕ ေနာက္မွာ ဘယ္လို ကစားသမားမ်ိဳးပဲ ကပ္လာေနပါေစ ၊ သူ႔စြမ္းေဆာင္ရည္က အဲဒီထက္ကို ပိုေကာင္းလြန္းေနပါတယ္” လို႔ ေျပာဆို သြားခဲ့ပါတယ္။