တိုက်စစ်မှုးသစ် အမ်ဘူမို ယူနိုက်တက်အတွက် ဘယ်တော့ ပထမဆုံးပွဲ ကစားမလဲ နည်းပြဖွင့်ဟ
မန်ချက်စတာ ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က တိုက်စစ်သမားသစ်ဘရိုင်ယန်အမ်ဘူမိုမှာ ဘယ်တော့ ယူနိုက်တက်အတွက် ပထမဆုံးပွဲ ကစားလာမလဲ ဖွင့်ဟလာပါတယ်။
အမ်ဘူမိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဘရန့်ဖို့ဒ်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းအထိ မြင့်တက်လာနိုင်တဲ့ ကြေးဖြင့် ယူနိုက်တက်သို့ ပြောင်းလာခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်များဟာ ဝက်စ်ဟမ်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ယူနိုက်တက်အတွက် အမ်ဘူမို ပထမဆုံးပွဲကစားလာမယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ ကင်မရွန်းလက်ရွေးစင်ဟာ ယူနိုက်တက်လူစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
ယခုအခါ ပေါ်တူဂီလူမျိုးနည်းပြက အမ်ဘူမိုမှာ အမေရိကန်ပရီးမီးယားလိဂ်စီးရီးတွင် ယူနိုက်တက်အတွက် ပါဝင်ကစားလာမှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
စပို့တင်းနည်းပြဟောင်းက “ဘရိုင်ယန်ဟာ တဖြည်းဖြည်း စတင်နေတယ်။ နောက်တစ်ပွဲမှာလည်း သူ ကစားဦးမှာ မဟုတ်ဘူး။ နောက်ဆုံးပွဲ(အမေရိကန်)မှာ ကစားနိုင်မလား ကြည့်ရမယ်။ အခု သူ လေ့ကျင်နေတယ်။ ဘာဖြစ်လာမလဲ ကြည့်ရမယ်”လို့ ပြောကြားသွားပါတယ်။
ဒါကြောင့် ဘရိုင်ယန်အမ်ဘူမိုဟာ ကြာသပတေးနေ့ ဘုန်းမောက်နှင့်ပွဲစဉ်တွင် ပါဝင်လာဦးမှာ မဟုတ်သေးဘဲ တနင်္ဂနွေနေ့ အဲဗာတန်နှင့်ပွဲစဉ်တွင်မှ ပါဝင်လာဖို့ ရှိပါတယ်။