လက်ရှိ မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီကနဲ့ ဘာမှမဆိုင်ဘူး လို့ နည်းပြ အမိုရင် ဝံ့ကြွား

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ လက်ရှိ အသင်းက အရင်တုန်းကနဲ့ လုံးဝမတူတော့ကြောင်း ကျေနပ်အားရစွာ ဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနေ့က ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ ၄-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်ကို အပြတ်အသက် အနိုင်ယူခဲ့ပြီးနောက် အသင်းရဲ့ ကစားဟန်ကို အကြိုက်တွေ့အားရနေတဲ့ အမိုရင်ဟာ အသင်းကို နောက်ထပ် လိုအပ်တဲ့နေရာတွေ အင်အားထပ်မံဖြည့်တင်းပြီး လာမယ့်ရာသီသစ်ကို အကောင်းဆုံး ကျော်ဖြတ်ဖို့ ပြင်ဆင်နေပါတယ်။

အမိုရင်က “ ဒီပွဲက တကယ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ကြတာပါ၊ ပြိုင်ဘက်ကို စိုးမိုးနိုင်ခဲ့သလို အသင်းခြေစွမ်းက ပြီးခဲ့တဲ့ရာသီနဲ့ ဘာမှကို မဆိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ပွဲနဲ့ယှဉ်ကြည့်ရင်တောင် ဒီပွဲက ပိုကောင်းလာခဲ့ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အမိုရင်ဟာ အသင်းတိုက်စစ်မှူး ဟော့ဂျ်လန်းရဲ့ လုပ်အားနှုန်းတွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပြီး လာမယ့်ရာသီသစ် ပွဲစဉ်တွေအတွင်း ပိုမို နေရာပေးသွားမယ့် အရိပ်အယောင်တွေ ပြသသွားခဲ့ပါတယ်။