ကမ်းလှမ်းလိုက်တဲ့ ဘာစီကြယ်ပွင့်၊ ဖာနန်ဒက်စ်နဲ့ ဆော်ဒီကလပ်၊ ဆက်စ်ကို၊ ဟွိုင်လန်းတို့နဲ့ မန်ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ
ယူနိုက်တက်ဟာ ဘာစီလိုနာစတား ဖာမင်လိုပက်ဇ်ကို ခေါ်ယူရေး ကမ်းလှမ်းမှု ပြုလုပ်လာကြောင်း သိရပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြမှုအရ ယူနိုက်တက်ဟာ ဖာမင်လိုပက်ဇ်အား ပေါင် ၆၁ သန်းဖြင့် ကမ်းလှမ်းလာကြောင်း သိရပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာ အသင်း နည်းပြ ဂျော့ဂျ် ဂျီးဆပ်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကို အသင်းထံ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
လိုက်ပ်ဇစ် အသင်းတိုက်စစ်မှူး ဆက်စ်ကိုကတော့ ယခုနွေ အသင်းမှ ထွက်ခွါလိုနေကြောင်း အသင်းထံ အသိပေးထားပြီး ဖြစ်သလို နယူးကာဆယ်နဲ့ မန်ယူတို့က အပြိုင် ချိတ်ဆက်နေကြဆဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာ့စ်မတ်စ် ဟွိုင်လန်းကို ထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်ပါတယ်။ သရဲနီတွေက ဒိန်းမတ်တိုက်စစ်မှူးအတွက် ပေါင်သန်း ၃၀ လိုချင်နေပြီး ခေါ်ယူနိုင်ခြေရှိတဲ့အသင်းတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဟွိုင်လန်း ဟာ ဆက်စ်ကို ရဲ့ အပြောင်းအရွှေ့ထဲ အလဲအထပ်ပုံစံမျိုးနဲ့ လိုက်ပ်ဇစ်အသင်းထံ ပြန်လည် ထွက်ခွါဖို့ ဆန္ဒမရှိကြောင်း သတင်းရရှိပါတယ်။