ကာဆယ်ပေးတဲ့ ကြေးအတိုင်းပဲ လိုက်ပ်ဇစ် တိုက်စစ်မှုး ဆက်စ်ကို ကို မန်ယူနိုက်တက် အသင်း စတင် ကမ်းလှမ်း

မန်ချက်စတာယူနိုက်တက် အသင်းဟာ လိုက်ပ်ဇစ် အသင်းတိုက်စစ်မှူး ဆက်စ်ကို ကို ပထမဆုံး အကြိမ် စတင် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်ဂျမင် ဆက်စ်ကိုအတွက် နယူးကာဆယ်အသင်း ကမ်းလှမ်းခဲ့တဲ့ ကြေး အတိုင်းပဲ ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီလို့ ဒေးဗစ် အွန်းစတိုင်းက ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဆက်စ်ကိုအတွက် ကမ်းလှမ်းထားပေမယ့် လိုက်ပ်ဇစ်ဘက်က ငြင်းဆန်ထားချိန်မှာ မန်ယူအသင်းက တရားဝင် စတင် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပေါင် ၇၄ သန်းလောက်အထိ အသုံးပြုသွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး လိုက်ပ်ဇစ်ဘက်ကတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ယခုအချိန်အထိ တုန့်ပြန်မှု မပြုလုပ်သေးပါဘူး။

ကစားသမားကတော့ ပြီးခဲ့တဲ့ အဂ်ါနေ့ကတည်းက အသင်းနဲ့ လေ့ကျင့်ခြင်း မရှိတော့တာကြောင့် ကစားသမားရဲ့ အပြောင်းအရွှေ့က အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လောလောဆယ်ထိတော့ လိုက်ပ်ဇစ်က ဘယ်သူ့ကိုမှ အကြောင်းမပြန်သေးဘဲ ဆက်စ်ကိုက အိုးထရက်ဖို့ဒ်ပဲ ပိုပြီး ပြောင်းရွှေ့ချင်နေတယ်လို့ ဒေးဗစ် အွန်းစတိုင်းက ပြောကြားခဲ့ပါတယ်။

၂ သင်းစလုံးက ဆက်စ်ကိုအတွက် ပုံမှန်ပွဲထွက်ခွင့်ကို အာမခံနိုင်ပေမယ့်လည်း မန်ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက အလုပ်မဖြစ်တဲ့ ကစားသမားတွေတောင် လစာကောင်းကောင်းပေးခဲ့တာကြောင့် ဆလိုဗေးနီးယားတိုက်စစ်မှူးအတွက် ပိုမိုကောင်းမွန်တဲ့ လစာပေးချေမှု ပြုလုပ်နိုင်တဲ့ အခြေအနေရှိနေပါတယ်။