ဆက်စ်ကို ရလိုက်ပြီ ဖြစ်တာကြောင့် ဟွိုင်လန်းအတွက် ကမ်းလှမ်းချက်ကို ယူနိုက်တက် လက်ခံလိုက်ပြီ
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆက်စ်ကို ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် တိုက်စစ်မှုး ဟွိုင်လန်း အတွက် ရောက်ရှိလာတဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ရာသီကြိုပွဲစဉ်တွေမှာ ခြေစွမ်းပြသခဲ့ပေမယ့် ဟွိုင်လန်း တစ်ယောက် အမိုရင်ရဲ့ ဉီးစားပေး ဖြစ်ခွင့်မရခဲ့ပဲ ဆက်စ်ကိုရဲ့ ရောက်ရှိလာမှုက ကစားသမားရဲ့ အနာဂတ်ကို များစွာ အပြောင်းအလဲ ဖြစ်လာစေခဲ့ပါတယ်။
မန်ယူအသင်းဟာ အေစီမီလန် အသင်းထံမှ ရောက်လာတဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီ ဖြစ်ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုသာ ထပ်မံအတည်ပြုတော့မယ့် အနေအထားမျိုးမှာ ရှိနေပါတယ်။
အေစီမီလန် အသင်းဟာ ယူနိုက်တက် တနိုက်စစ်မှုး ဟွိုင်လန်း ကို ပေါင် ၃၀.၄ သန်း ဝန်းကျင်ပမာဏနဲ့ ကမ်းလှမ်းလိုက်တာ ဖြစ်ပြီး ကစားသမားဘက်က အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။
ဒါပေမယ့် မန်ယူအသင်းဘက်ကတော့ တိုက်စစ်ပိုင်း ပြည့်စုံလုံလောက်နေပြီဆိုပြီး ယူဆနေတာကြောင့် ဟွိုင်လန်း ကို စိတ်ကြိုက် ဆုံးဖြတ်ခိုင်းထားပါတယ်။
ဟွိုင်လန်းဟာ မန်ယူအသင်းထံ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ တစ်ယောက် ဖြစ်ပြီး အသင်း
အတွက် ပါဝင်ကစားပေးခဲ့တဲ့ ၉၅ ပွဲမှာ သွင်းဂိုး ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။