ဒွန်နာရမ်မာ၊ ဂူဟီ၊ ဘာလီဘာ တို့ အခြေအနေ၊ ဆက်စ်ကို ကျောနံပါတ်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပြီး လီဗာပူးလ် အသင်းကတော့ အစောပိုင်းကတည်းက ဂူဟီကို ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပစ်မှတ်ဟောင်း တိုက်စစ်မှုး ဟယ်ရီကိန်းရဲ့ လာမယ့်နွေ စာချုပ်ဖြတ်သိမ်းကြေးကို စိတ်ဝင်စားနေပြီး အဆိုပါ အဂ်လန်သားကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူခွင့် ရရှိထားပါတယ်။
ယူနိုက်တက်ဟာ လက်ရှိနွေ အဓိက ပစ်မှတ် ဘရိုက်တန် ကွင်းလယ်လူ ဘာလီဘာကိုလည်း ချိတ်ဆက်နေပေမယ့် မန်စီးတီးကလည်း အပြိုင်လိုက်နေတာကြောင့် အနည်းငယ်အခက်ကြုံနေရပါတယ်။
ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာ တစ်ယောက် ယခုနွေ အသင်းမှ ထွက်ခွါဖွယ်ရှိနေကြောင်း နည်းပြ အန်းနရစ်ခ် အရိမ်အမြွတ်ဖွင့်ဟသွားခဲ့ပါတယ်။ ဒွန်နာရမ်မာ သတင်းထွက်နေတဲ့ အသင်းတွေထဲ ယူနိုက်တက်လည်း ပါဝင်ပါတယ်။
ဒွန်နာရမ်မာရဲ့လက်ရှိစာချုပ်ကလည်း လာမဲ့ရာသီကုန်ကျရင် သက်တမ်းပြည့်မှာဖြစ်လို့ PSG အသင်းက သူတို့ ဂိုးသမားကို နောက်နှစ်ကျရင် အလွတ်နဲ့မဆုံးရှုံးရအောင် အခုနွေရာသီအတွင်း ရောင်းချသွားဖို့ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် ဆက်စ်ကို ဟာ ကျောနံပါတ် ၃၀ ကို စတင်ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။