မန်ချက်စတာ ယူနိုက်တက်ရဲ့ စီမံကိန်းအလွဲတွေကို တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ် ဝေဖ-န်

ဘာစီလိုနာအသင်းထံ အငှား ထွက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ကတော့ မန်ယူနိုက်တက် အသင်းရဲ့ ပေါ်လစီ အလွဲအမှားတွေကို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ အချိန်အထိ မန်ယူအသင်း ကစားသမားတစ်ယောက် အဖြစ် ရှိနေဆဲ ဖြစ်ပေမယ့် အဂ်လန်သားကတော့ အသင်းရဲ့ကျရှုံးမှုတွေကို ၎င်းရဲ့ ရှုထောင့်က သုံးသပ်သွားခဲ့တာ ဖြစ်ပြီး အထူးသဖြင့် အသင်းက ဘာမှကို မစတင်နိုင်သေးတဲ့ အနေအထားဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

မတူညီတဲ့ နည်းပြ ၈ ယောက်နဲ့ မန်ယူအသင်းမှာ လက်တွဲခဲ့ရဖူးတဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် စုစုပေါင်း ၄၂၆ ပွဲအထိ ကစားပေးခဲ့ပြီး လက်ရှိ အငှားပြောင်းရွှေ့ ကစားနေတဲ့ ဘာစီလိုနာအသင်းထံ အပြီးသတ် ပေါင် ၂၅.၉ သန်းနဲ့ ပြောင်းရွှေ့ခွင့် ရထားပါတယ်။

ရက်ရှ်ဖို့ဒ်က “ လူတွေကတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စပြီး ကျွန်တော်တို့အသင်း ပြောင်းလဲနေပြီဆိုပြီး ပြောဆိုနေကြပေမယ့် တကယ့်တကယ်တော့ ပြောင်းလဲမှုစီမံကိန်းတွေ ဘာတစ်ခုမှကို မလုပ်နိုင်သေးပါဘူး၊ လီဗာပူးလည်း ကျွန်တော်တို့လို အနေအထားမျိုး ကြုံခဲ့ရပေမယ့် သူတို့ ကလော့ပ်ကို ရခဲ့သလို အစပိုင်း အောင်မြင်မှုကြီးကြီးမားမား မရနိုင်ခဲ့သေးပေမယ့် ကလော့ပ်ကိုပဲ ဆက်ဆွဲထားခဲ့ပါတယ်။

တကယ်ဆိုရင် သူတို့က မန်စီးတီးလို အသင်းမျိုးနဲ့ ယှဉ်ဖိုက်ပြီး ဖလားတွေ ရယူပြခဲ့တာပါ၊ အပြောင်းအလဲပြုလုပ်ဖို့ စီမံကိန်းချပြီးပြီဆိုရင် အဲ့ဒီစီမံကိန်းကို သေသေချာချာ မလွှတ်တမ်းကိုင်စွဲထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ကတော့ နည်းပြတွေ အဆက်ဆက်ပြောင်းလဲခဲ့ပေမယ့် ဘယ်တစ်ယောက်မှ အသင်းကို သေသေချာချာ တည်ဆောက်နိုင်ခဲ့ခြင်း မရှိသေးပါဘူး၊ ဉီးတည်ချက် အမျိုးမျိုးပြောင်းနေသရွေ့ သူတို့ ဘာဆုဖလားမှ ရယူနိုင်မှာ
မှာ မဟုတ်ပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။