တိုက်စစ်အတွက် သန်း ၂ဝဝ သုံးထားပေမယ့် ယူနိုက်တက် Top 4 နဲ့ လွဲသွားနိုင်တဲ့ အကြောင်းရင်း တစ်ခု နဗီးလ် သတိပေး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ် ကတော့ ဒီနွေမှာ ဂိုးသမားသစ်တစ်ဦး မဝယ်ရင် ယူနိုက်တက်တို့ ထိပ်ဆုံး ၆ သင်းထဲ ဝင်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် အခုနွေရာသီအတွင်း ကူညာ၊ အမ်ဘူမို၊ ရှက်ရှ်ကိုတို့ကို ပေါင်သန်း ၂၀၀ အထိ အသုံးပြုခေါ်ယူအားဖြည့်ခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ အမှားတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ အိုနာနာနေရာမှာ အစားထိုးဖို့ PSG နဲ့လမ်းခွဲတော့မဲ့ အီတလီနာမည်ကျော် ဂိုးသမား ဒွန်နာရမ်မာကို ချိတ်ဆက်နေပြီဖြစ်ပါတယ်။

အဲဒါကြောင့် ဂယ်ရီနဗီးလ်က “ယူနိုက်တက်အသင်းအတွက် အဆင့် ၆ အတွင်းဝင်ရင်တောင် တော်တော်လေး ကျေနပ်စရာကောင်းနေပါပြီ။

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ ပြောလာတဲ့သူရှိရင် အဲဒါက လက်တွေ့မကျပါဘူး။ ကျွန်တော့်အမြင်ကတော့ အဆင့် ၇၊ ၈ လောက်ပဲ ရပ်တည်နိုင်မယ်လို့ ခံစားမိပါတယ်။

ယူနိုက်တက်အသင်းဟာ ဥရောပပွဲတွေကစားဖို့ မရှိဘဲ တကယ်လို့ သူတို့သာ ဂိုးသမားတစ်ဦးခေါ်ယူနိုင်မယ်ဆိုရင် ထိပ်ဆုံး ၆ သင်းစာရင်းထဲမှာ ရပ်တည်နိုင်ဖို့ရှိပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။