ချဲလ်ဆီး ဂိုးသမား မန်ဒီကို အရန်ခုံပို့လိုက်တဲ့ တူချယ်ကို အံ့သြမိတယ် လို့ ဂျိုကိုးလ် ဝေဖန်
ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဂျိုကိုးလ်က ဇင်းနစ် အသင်းကို သရေကျခဲ့တဲ့ပွဲမှာ မန်ဒီကို အရန်ခုံပို့ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်မိတယ်လို့ ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာ ရုရှားမြေမှာ နောက်ကျမိနစ် ချေပဂိုးပေးလိုက်ရပြီး ၃-၃ ဂိုးသရေကျခဲ့ကာ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို ဒုတိယနေရာနဲ့သာ တက်ရောက်နိုင်ခဲ့တာကြောင့် ၁၆ သင်း အဆင့်မှာ ခက်ခဲဖွယ်ရှိနေပါတယ်။
မန်ဒီဟာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အမှားတွေပြုလုပ်ခဲ့ပြီးနောက် ဇင်းနစ်နဲ့ ပွဲမှာ နည်းပြ တူချယ်က ၎င်းကို အရန်ပို့ကို ကီပါကို ပွဲထုတ်လာခဲ့ပါတယ်။ ဂျိုကိုးလ်ကတော့ မန်ဒီအစား ကီပါကိုသုံးခဲ့တဲ့ တူချယ်ရဲ့ဆုံးဖြတ်ချက်ကို အံ့သြနေပြီး ပွဲအပြီးမှာ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
“မန်ဒီတစ်ယောက် အမှားတွေလုပ်ခဲ့တာက ပထမဆုံးအကြိမ်ပါ။ ပွဲ တစ်ပွဲဆိုးဝါးရုံနဲ့ နောက်တစ်ပွဲမှာလည်း အခုလို ထပ် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မန်ဒီက အာဖရိကဖလားပွဲသွားရမယ့်အချိန်ဆို သူ ပွဲတွေလွဲချော်မှာပါ။
ကီပါက ထိပ်တန်းဂိုးသမားတစ်ဦးဆိုတာ သံသယရှိဖို့ မလိုပါဘူး။ သူ့မှာ အရည်အချင်းတွေ အများကြီးရှိနေပါတယ်။ ဒုတိယ ဂိုးသမား နေရာရောက်ပြီးကတည်းက သူ ပါဝင်တိုင်း အကောင်းဆုံး လုပ်ဆောင်ပြခဲ့ပါတယ်”လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။
ပီတာခရော့ကလည်း “တူချယ်က စွန့်စားရမယ့် ရွေးချယ်မှုမျိုးလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အခုအပတ်မှာကစားမယ့် လိဒ်နဲ့ပွဲကို အာရုံ ပိုစိုက်သင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဂလင်းဟော်ဒယ်ကတော့ ကီပါဟာ ပွဲကစားချိန်အတွင်း အဓိက ကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ထောက်ခဲ့ပါတယ်။ “ကီပါက ဂိုးပေါက်မှာ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ချဲလ်ဆီးက ကံမကောင်းလို့သာ မနိုင်ခဲ့တာပါ”လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီး ေတာင္ပံကစားသမားေဟာင္း ဂ်ိဳကိုးလ္က ဇင္းနစ္ အသင္းကို သေရက်ခဲ့တဲ့ပြဲမွာ မန္ဒီကို အရန္ခုံပို႔ခဲ့တဲ့ တူခ်ယ္ရဲ႕ ဆုံးျဖတ္ခ်က္ကို အံ့အားသင့္မိတယ္လို႔ ေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးဟာ ႐ုရွားေျမမွာ ေနာက္က်မိနစ္ ေခ်ပဂိုးေပးလိုက္ရၿပီး ၃-၃ ဂိုးသေရက်ခဲ့ကာ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ကို ဒုတိယေနရာနဲ႔သာ တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ ၁၆ သင္း အဆင့္မွာ ခက္ခဲဖြယ္ရွိေနပါတယ္။
မန္ဒီဟာ ဝက္စ္ဟမ္းကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ အမွားေတြျပဳလုပ္ခဲ့ျပီးေနာက္ ဇင္းနစ္နဲ႕ ပြဲမွာ နည္းျပ တူခ်ယ္က ၄င္းကို အရန္ပို႔ကို ကီပါကို ပြဲထုတ္လာခဲ့ပါတယ္။ ဂ်ိဳကိုးလ္ကေတာ့ မန္ဒီအစား ကီပါကိုသုံးခဲ့တဲ့ တူခ်ယ္ရဲ႕ဆုံးျဖတ္ခ်က္ကို အံ့ၾသေနျပီး ပြဲအျပီးမွာ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။
“မန္ဒီတစ္ေယာက္ အမွားေတြလုပ္ခဲ့တာက ပထမဆုံးအႀကိမ္ပါ။ ပြဲ တစ္ပြဲဆိုးဝါးရံုနဲ႔ ေနာက္တစ္ပြဲမွာလည္း အခုလို ထပ္ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ မန္ဒီက အာဖရိကဖလားပြဲသြားရမယ့္အခ်ိန္ဆို သူ ပြဲေတြလြဲေခ်ာ္မွာပါ။
ကီပါက ထိပ္တန္းဂိုးသမားတစ္ဦးဆိုတာ သံသယရွိဖို႔ မလိုပါဘူး။ သူ႔မွာ အရည္အခ်င္းေတြ အမ်ားႀကီးရွိေနပါတယ္။ ဒုတိယ ဂိုးသမား ေနရာေရာက္ၿပီးကတည္းက သူ ပါဝင္တိုင္း အေကာင္းဆုံး လုပ္ေဆာင္ျပခဲ့ပါတယ္”လို႔ ဂ်ိဳကိုးလ္က ေျပာၾကားခဲ့ပါတယ္။
ပီတာခေရာ့ကလည္း “တူခ်ယ္က စြန႔္စားရမယ့္ ေ႐ြးခ်ယ္မႈမ်ိဳးလုပ္ခဲ့ပါတယ္။ သူ႔အေနနဲ႔ အခုအပတ္မွာကစားမယ့္ လိဒ္နဲ႔ပြဲကို အာ႐ုံ ပိုစိုက္သင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္ ဂလင္းေဟာ္ဒယ္ကေတာ့ ကီပါဟာ ပြဲကစားခ်ိန္အတြင္း အဓိက ကာကြယ္မႈေတြျပဳလုပ္ေပးခဲ့တယ္လို႔ ေထာက္ခဲ့ပါတယ္။ “ကီပါက ဂိုးေပါက္မွာ အေကာင္းဆုံး စြမ္းေဆာင္ေပးခဲ့ပါတယ္။ ခ်ဲလ္ဆီးက ကံမေကာင္းလို႔သာ မႏိုင္ခဲ့တာပါ”လို႔ ဂ်ိဳကိုးလ္က ေျပာၾကားခဲ့ပါတယ္။