ဘိုင်ယန်ကို ငြင်းကာ ဈေးနှိမ်နေတဲ့ ချဲလ်ဆီးသို့ ပြောင်းမယ် လုပ်နေတဲ့ ဂါနာချို
အလီဂျန်ဒရိုဂါနာချိုဟာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရေး ငြင်းဆိုလာပြီး ချဲလ်ဆီးမှ လွဲပြီး မည်သည့်ကလပ်သို့မျှ ပြောင်းမည် မဟုတ်လို့ ယူနိုက်တက်အား ထိပ်တိုက်တွေ့လာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဂါနာချိုအား ခေါ်ယူရေး ချဉ်းကပ်ခဲ့ပေမဲ့ အာဂျင်တီးနားစတားက ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်က တောင်ပံကစားသမားအတွက် ပေါင်သန်း ၅၀ ဝန်းကျင် ပြောင်းရွှေ့ကြေး သတ်မှတ်ထားပါတယ်။
ချဲလ်ဆီးက ဂါနာချိုမှာ စတမ်းဖို့ဒ်ဘရစ်ချ်သို့သာ ပြောင်းလိုနေတယ်လို့ ယုံကြည်ကာ ယူနိုက်တက်ဘက်က တောင်းဆိုတဲ့ ဈေးနှုန်းထက် နည်းတဲ့ ပမာဏဖြင့် ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ချဲလ်ဆီးက ဂါနာချိုအတွက် ယူနိုက်တက်ဘက်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေးလိုခြင်း မရှိဘဲ ပေါင်သန်း ၄၀ အထိသာ ပေးလိုနေပါတယ်။
ချဲလ်ဆီးဟာ စက်တင်ဘာလ ၁ ရက်နေ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ဂါနာချိုအပြင် လိုက်ဇစ်မှ ဇာဗီးဆိုင်မွန်ကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေတာပါ။
ချဲလ်ဆီးဟာ ဆိုင်မွန်ကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပြီး ကစားသမားကိုယ်တိုင်ကလည်း စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းလိုနေပါတယ်။
ချဲလ်ဆီးဟာ ဒတ်ချ်လက်ရွေးစင်ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရပြီးပြီလို့ ယူဆရပါတယ်။