ကွန်ညာ ဘယ်လို ကစားသမားလဲ အားလုံး သိကြပါတယ် လို့ အသင်းဖော်ဘက်က ပြောလိုက်တဲ့ ကာဆီမီရို

ယူနိုက်တက်ရဲ့ ဝါရင့် ကွင်းလယ်လူ ကာဆီမီရိုကတော့ ဒီနွေမှ အသင်းထံ ရောက်လာတဲ့ ကွန်ညာ နဲ့ ပတ်သတ်ပြီး ချီးကျူးစကား ဆိုခဲ့ပါတယ်။

ကွန်ညာဟာ မန်ယူအသင်းထံ ပေါင် ၆၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းမှာလည်း နေရာတစ်ခု ရရှိလာသူ ဖြစ်ပါတယ်။

“ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေအားလုံးက ကွန်ညာက ဘယ်လို ကစားသမားလဲဆိုတာ သိကြပါတယ်။ သူက ထူးခြားအံ့အားသင့်စရာကောင်းတဲ့ ကစားသမားဖြစ်သလို အရမ်းလည်း ကောင်းတဲ့ လူပုဂ္ဂိုလ်တယောက်ပါ။

သူနဲ့အတူ အဝတ်လဲခန်းတစ်ခုတည်းမှာ အတူတူ ရှိနေရတာ စိတ်ပျော်ရွှင်ကျေနပ်စရာပါပဲ။” လို့ ကာဆီမီရိုက ချီးကျူးစကား ဆိုခဲ့တာ ဖြစ်ပါတယ်။

မားသီးယပ်စ် ကွန်ညာဟာ ပြီးခဲ့တဲ့အပတ် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂန်းနားတွေရဲ့ ခံစစ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ခဲ့သူဖြစ်ပြီး အပိုင် ဂိုးကန်သွင်းမှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ရာယာက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ဂိုးမရခဲ့တာဖြစ်ပါတယ်။