ယူနိုက်တက်ရဲ့ Kid-Messi ဆယ်ကျော်သက်လေးကို အသင်းကြီးနဲ့ အတူ လေ့ကျင့်ဖို့ နည်းပြ အမိုရင် ခေါ်ယူ
ယူနိုက်တက်ရဲ့ ‘Kid-Messi’ လို့ အမည်ပြောင်ပေးခြင်းခံထားရတဲ့ လူငယ်ပါရမီရှင် ဂျေဂျေဘာဘရီရယ်ဟာ ယခုရာသီတွင် ရူဘင်အမိုရမ်ရဲ့ ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာတော့မှာ ဖြစ်ပါတယ်။
အသက် ၁၄ နှစ် အရွယ်ရှိ ပါရမီရှင်ဟာ ယူနိုက်တက်ရဲ့ ယူ-၁၈ အသင်းမှာ ကစားခွင့်ရရှိတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားသူ ဖြစ်ပြီး အသက်အလွယန်ငယ်နေမှုနှင့်အတူ FA Youth Cup ပြိုင်ပွဲမှာ ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။
လာမယ့် အောက်တိုဘာလ ၁၅ ရက်တွင်မှ အသက် ၁၅ နှစ်ပြည့်လာမဲ့ ဂါဘရီရယ်ဟာ လျှပ်စီးကဲ့သို့ လျှင်မြန်မှု၊ ဘောလုံးကျွမ်းကျင်မှုတို့ကြောင့် ယူနိုက်တက်အသင်းတွင် လူပြောများနေတဲ့သူလည်း ဖြစ်ပါတယ်။
ယခုနှစ် FA Youth Cup ပြိုင်ပွဲတွင် ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်မတိုင်မီ မွေးဖွားတဲ့ ကစားသမားများ ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီရဲ့ သားကိုင်ရွန်းနီမှာလည်း FA Youth Cup မှာ ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။
ဂါဘရီရယ်ဟာ ယူနိုက်တက်နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်စိုက်လာမဲ့သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ နွေရာသီတုန်းက ဥရောပကလပ်များရဲ့ စိတ်ဝင်စားခြင်းခံရပေမဲ့ ငြင်းပယ်ခဲ့မှုနှင့်အတူတနင်္ဂနွေနေ့တုန်းက အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲအား directors’ box မှ ကြည့်ရှုရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ကြာသပတေးနေ့မှာတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် အမိုရမ်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပြီး မိသားစုဝင်များလည်း ယူနိုက်တက်နည်းပြနှင့် မိတ်ဆက်ခဲ့ကြပါတယ်။
ယခုအခါ ဂါဘရီရယ်ဟာ ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ရရှိလာမှုနှင့်အတူ ယခုရာသီအတွင်း ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲကစားခွင့်ရလာဖို့ ရှိနေပါတယ်။