ယူနိုက်တက် ရတော့မယ့် ဂိုးသမားသစ်၊ ဆန်ချို၊ ဂနာချို၊ ဟွိုင်လန်းတို့နဲ့ မန်ယူ အပြောင်းအရွှေ့ ထူးခြား သတင်းများး
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တောင်ပံ ကစားသမား ဂနာချိုကို ခေါ်ယူဖို့ ကမ်းလှမ်းမယ့်အသင်းတွေထဲ ချဲလ်ဆီးနဲ့အပြိုင် စပါးကိုပါ ဝင်ရောက်လာစေချင်နေပါတယ်။
မန်ယူအသင်းဟာ အက်ဝပ် အသင်းဂိုးသမား ဆန်နီလန်းမန်းစ်ကို ခေါ်ယူလိုနေပြီး ပြောဆိုဆွေးနွေးမှုတွေပါ ပြုလုပ်ထားခဲ့ကြောင်း သတင်းရရှိပါတယ်။
လက်ရှိမှာ မန်ယူနိုက်တက်နဲ့ ရိုင်ရယ် အန့်ဝပ်တို့ကြားမှာ ပြောင်းရွှေ့ကြေးယူရိုသန်း ၂၀ နီးပါးနဲ့ ပြောဆိုဆွေးနွေးမှုတွေ အဆင်ပြေပြေဖြစ်နေပြီး အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။
လန်မန်းစ်က သရဲနီတွေဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး မန်စီးတီးနဲ့ ပြောဆိုဆွေးနွေးမှု မရှိဘူးလို့ သိရပါတယ်။
အင်တာမီလန် အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးအပတ်အတွင်း မန်ယူတောင်ပံ ကစားသမား ဆန်ချိုကို အလဲအထပ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။
ဆန်ချိုကတော့ လက်ရှိ ဘိုင်ယန်နဲ့ဆွေးနွေးနေသလို ဟွိုင်လန်း ကိုလည်း ဘိုင်ယန်အသင်းက တစ်ပါထဲ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
မန်ယူအသင်းတိုက်စစ်မှူး ဟွိုင်လန်း ဟာ အသင်းမှ ထွက်ဖို့ သဘောတူညီလိုက်ပြီ ဖြစ်သလို စီးရီးအေကလပ် နာပိုလီဘက်က အေစီမီလန်ကို နောက်ကောက်ချပြီး ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ယုံကြည်ထားပါတယ်။