ဇင်းနစ်ကို အနိုင်မကန်လို့ ချန်ပီယံလိဂ် ရှုံးထွက်မှာ ဒိတ်ဒိတ်ကြဲတွေနဲ့ တွေ့ဖွယ်ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ညက ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲမှာ ဇင်းနစ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားခဲ့ပြီး ၃-၃ နဲ့ သရေကျသွားခဲ့ပါတယ်။ နောက်ဆုံးပွဲ နိုင်ပွဲ မရခဲ့တာကြောင့် ချဲလ်ဆီးဟာ အုပ်စု H မှာ ရမှတ် ၁၃ မှတ်နဲ့ အုပ်စု ဒုတိယ နေရာ ရခဲ့ပြီး ၁၆သင်း ရှုံးထွက်အဆင့်မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရဖွယ် ရှိပါတယ်။

ချဲလ်ဆီး ဟာ အခြား အုပ်စုတွေက အုပ်စု ပထမ အသင်းတွေထဲကနေ ပြိုင်ဘက် ထွက်ပေါ်လာမှာ ဖြစ်ပြီး ဒီအဆင့်မှာ နိုင်ငံတူ အသင်း တွေ ဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့နဲကတော့ မတွေ့ရသေးပါဘူး။

အုပ်စုပွဲတွေ အပြီး ၁၆ သင်း ရှုံးထွက် အဆင့် တက်ရောက်သွားတဲ့ အသင်းတွေကတော့ မန်စီးတီး၊ ပီအက်စ်ဂျီ၊ လီဗာပူး၊ အက်သလက်တီကို မက်ဒရစ်၊ အေဂျက်၊ စပို့တင်း၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ မန်ယူနိုက်တက်၊ ဗီလာရီးရဲလ် (ဒါမှမဟုတ်) အတ္တလန္တာ၊ လိုင်လီ၊ ဆဲလ်ဘတ်၊ ဂျူဗင်တပ်၊ ချဲလ်ဆီးအသင်းတို့ ဖြစ်ပါတယ်။

အုပ်စု F ဒုတိယနေရာ အဆုံးအဖြတ် ဖြစ်တဲ့ အတ္တလန္တာနဲ့ ဗီလာရီးရဲလ်တို့ပွဲက ရာသီဥတုကြောင့် ရွှေ့ဆိုင်းထားရပြီး ကြာသပတေးနေ့မှာ ပြန် ကစားမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတူ အသင်းတွေနဲ့ အုပ်စုတူအသင်းကို ဖယ်ရင် ဖြစ်နိုင်ဖွယ် ပြိုင်ဘက် လေးသင်းသာ ကျန်ရှိပါတယ်။ အဲဒီအသင်းတွေကတော့ အေဂျက်၊ ရီးရဲလ် မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ လိုင်လီ အသင်းတို့ ဖြစ်ပါတယ်။

အေဂျက်နဲ့ ဘိုင်ယန်မြူးနစ်တို့က အုပ်စုအဆင့်မှာ ၆ပွဲလုံး အနိုင်ရလာတာ ဖြစ်ကာ ရီးရဲလ်က ၅ ပွဲနိုင်၊ လိုင်လီက ၃ပွဲနိုင် ၂ ပွဲသရေ ရခဲ့တာ ဖြစ်ပါတယ်။ ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်များ မဲခွဲမှုကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းဟာ ညက ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆံုး ပြဲမွာ ဇင္းနစ္ကို အေဝးကြင္း သြားေရာက္ ရင္ဆိုင္ ကစားခဲ့ျပီး ၃-၃ နဲ႕ သေရက်သြားခဲ့ပါတယ္။ ေနာက္ဆံုးပြဲ နုိင္ပြဲ မရခဲ့တာေၾကာင့္ ခ်ဲလ္ဆီးဟာ အုပ္စု H မွာ ရမွတ္ ၁၃ မွတ္နဲ႕ အုပ္စု ဒုတိယ ေနရာ ရခဲ့ျပီး ၁၆သင္း ရံႈးထြက္အဆင့္မွာ ခက္ခဲတဲ့ ျပိဳင္ဘက္ေတြနဲ႕ ေတြ႔ဆံုရဖြယ္ ရွိပါတယ္။

ခ်ဲလ္ဆီး ဟာ အျခား အုပ္စုေတြက အုပ္စု ပထမ အသင္းေတြထဲကေန ျပိဳင္ဘက္ ထြက္ေပၚလာမွာ ျဖစ္ျပီး ဒီအဆင့္မွာ နုိင္ငံတူ အသင္း ေတြ ျဖစ္တဲ့ လီဗာပူး၊ မန္စီးတီး၊ မန္ယူနုိက္တက္တို႔နဲကေတာ့ မေတြ႔ရေသးပါဘူး။

အုပ္စုပြဲေတြ အျပီး ၁၆ သင္း ရံႈးထြက္ အဆင့္ တက္ေရာက္သြားတဲ့ အသင္းေတြကေတာ့ မန္စီးတီး၊ ပီအက္စ္ဂ်ီ၊ လီဗာပူး၊ အက္သလက္တီကို မက္ဒရစ္၊ ေအဂ်က္၊ စပို႔တင္း၊ ရီးရဲလ္မက္ဒရစ္၊ အင္တာမီလန္၊ ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာ၊ မန္ယူနိုက္တက္၊ ဗီလာရီးရဲလ္ (ဒါမွမဟုတ္) အတၱလႏၱာ၊ လိုင္လီ၊ ဆဲလ္ဘတ္၊ ဂ်ဴဗင္တပ္၊ ခ်ဲလ္ဆီးအသင္းတို႔ ျဖစ္ပါတယ္။

အုပ္စု F ဒုတိယေနရာ အဆံုးအျဖတ္ ျဖစ္တဲ့ အတၱလႏၱာနဲ႕ ဗီလာရီးရဲလ္တို႔ပြဲက ရာသီဥတုေၾကာင့္ ေရႊ႕ဆိုင္းထားရျပီး ၾကာသပေတးေန႔မွာ ျပန္ ကစားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ နိုင္ငံတူ အသင္းေတြနဲ႕ အုပ္စုတူအသင္းကို ဖယ္ရင္ ျဖစ္နိုင္ဖြယ္ ျပိဳင္ဘက္ ေလးသင္းသာ က်န္ရွိပါတယ္။ အဲဒီအသင္းေတြကေတာ့ ေအဂ်က္၊ ရီးရဲလ္ မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္နဲ႕ လိုင္လီ အသင္းတို႔ ျဖစ္ပါတယ္။

ေအဂ်က္နဲ႕ ဘိုင္ယန္ျမဴးနစ္တို႔က အုပ္စုအဆင့္မွာ ၆ပြဲလံုး အနုိင္ရလာတာ ျဖစ္ကာ ရီးရဲလ္က ၅ ပြဲနုိင္၊ လိုင္လီက ၃ပြဲနုိင္ ၂ ပြဲသေရ ရခဲ့တာ ျဖစ္ပါတယ္။ ၁၆သင္း ရံႈးထြက္အဆင့္ ပြဲစဥ္မ်ား မဲခြဲမႈကို ဒီဇင္ဘာလ ၁၃ ရက္ေန႔မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။