ဒီည ဖူလ်ဟမ် Vs မန်ယူနိုက်တက် ပွဲစဉ် အတွက် ပေါမာဆန်ရဲ့ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဝါရင့် သုံးသပ်ဆရာကြီး ပေါမာဆန်ကတော့ ဖူလ်ဟမ် – မန်ယူနိုက်တက် ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

“မန်ယူနိုက်တက်က အာဆင်နယ်နဲ့ပွဲမှာ အဆင်ပြေခဲ့ပေမယ့် တရာသီလုံး အဲဒီထက်ပိုပြီး ဖွင့်ကစားလို့မရနိုင်ပါဘူး။ သူတို့တွေ ဂိုးလည်း မသွင်းနိုင်သေးပါဘူး။

လူတွေပြောသလောက် မန်ယူနိုက်တက်က အရမ်းကောင်းတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့ရဲ့ ကစားသမားသစ်တွေက တယောက်နဲ့တယောက် အသားကျအောင် အချိန်ယူရဦးမှာဖြစ်ပြီး ဂိုးရှေ့မှာလည်း အဆုံးသတ်နိုင်စွမ်း ကင်းမဲ့နေတုန်းပါပဲ။

ကွန်ညာက အာဆင်နယ်နဲ့ပွဲမှာ အစွမ်းအစအချို့ပြသခဲ့ပေမယ့် ခံစစ်ကစားသမား ၃ ဦးကို ဖြတ်ကျော်ပြီးမှ အားပျော့တဲ့ကန်ချက်နဲ့ အဆုံးသတ်မိခဲ့တဲ့အချိန်ရှိခဲ့တယ်၊ ကျွန်တော့်ကိုသာ မေးရင် အဲဒါက ပြဿနာပဲ။

ဖူလ်ဟမ်က အဲဒီလ်ုမျိုး နေရာလွတ်တွေ ပေးမှာမဟုတ်ဘဲ ရာသီကုန်ကျရင် ဖူဟမ်နဲ့ မန်ယူနိုက်တက်ကြားမှာ သိပ်ပြီး ကွာဟနေမယ်လို့မထင်ပါဘူး။

ဒီလစ်ရဲ့ ကစားပုံကိုတော့ ကျွန်တော် အထင်ကြီးမိခဲ့ပြီး သူက ကျစ်လစ်နေခဲ့တယ်လို့ တွေးမိခဲ့ပါတယ်။ ယော်ကရက်စ်နဲ့ ရင်ဆိုင်ခဲ့တဲ့နေရာမှာ ပြီးပြည့်စုံတဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ထင်တယ်။

ဒါပေမယ့် မန်ယူနိုက်တက်က ရှုံးပွဲတွေ့ခဲ့သေးပြီး သူတို့အနေနဲ့ ကစားပုံကောင်းပြီး ရှုံးပွဲတွေ့တာက အဆင်ပြေရဲ့လားဆိုတာ မသိပါဘူး။ အထူးသဖြင့် သူတို့အခု ရောက်နေတဲ့ အခြေအနေကို စဉ်းစားလိုက်ရင်ပေါ့၊ ဒီပွဲက သရေပွဲလို့ထင်ပြီး ၁-၁ နဲ့ ပြီးသွားနိုင်ပါတယ်။”