ဒိုင်လူကြီးကြောင့် ဘရူနိုဖာနန်ဒက်စ် ပယ်နယ်တီ မဝင်တာ လို့ စောဒက တက်နေတဲ့ ယူနိုက်တက် ပရိသ-တ်များ
မနေ့ညက ဖူလ်ဟမ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပယ်နယ်တီမလွဲခင် ကွင်းလယ်ဒိုင် ခရစ္စကာဗန်နာနဲ့ စကားအခြေအတင်ဖြစ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ခရစ္စကာဗန်နာကို မကျေမနပ်ဖြစ်နေကြပါတယ်။
ပွဲချိန်မိနစ် ၃၀ ကျော်မှာ ပယ်နယ်တီဧရိယာအတွင်း မေဆင်မောင့်ကို ဖူလ်ဟမ်နောက်ခံလူ ကယ်လ်ဗင်ဘက်ဆီက ဆွဲလှဲချခဲ့တာကြောင့် ယူနိုက်တက် ပယ်နယ်တီရခဲ့ပြီး အဲဒါကို ထုံးစံအတိုင်း ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
ပယ်နယ်တီကန်ဖို့ ဘရူနိုဖာနန်ဒက်စ် အာရုံစိုက်နေတုန်းမှာ ဒိုင်လူကြီး ခရစ္စကာဗန်နာက လမ်းလျှောက်နေရင်းနဲ့ ဘရူနိုဖာနန်ဒက်စ်ကို မတော်တဆ ဝင်တိုက်မိတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်က စောဒကတက်ခဲ့ပါတယ်။
အဲဒီနောက် ပယ်နယ်တီကန်သွင်းချိန်မှာ ဘရူနိုဖာနန်ဒက်စ်က အရှိန်ပြင်းပြင်းနဲ့ကန်ခဲ့တာကြောင့် ဂိုးပေါက်နဲ့တော်တော်များများကို ထောင်တက်ခဲ့ပြီး ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရမဲ့ အခွင့်အရေးကောင်းနဲ့ လွဲချော်ခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်အတွက် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က ကာဗန်နာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ အာရုံထွေပြားစေတယ်လို့ သုံးသပ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တချို့ကလည်း ဂယ်ရီနဗီးလ်ရဲ့သုံးသပ်ချက်အပေါ် ထောက်ခံခဲ့ပါတယ်။
‘ပယ်နယ်တီ မကန်ခင် ဘရူနိုဖာနန်ဒက်စ်ကို ဒိုင်လူကြီးက ဝင်တိုက်ခဲ့တာကို ကျွန်တော် သဘောမကျပါဘူး’
‘ဒိုင်လူကြီးကြောင့် ဘရူနိုဖာနန်ဒက်စ်က ေ-ာက်တလွဲတွေဖြစ်ခဲ့ရတယ်’
‘ဘရူနိုဖာနန်ဒက်စ် ပယ်နယ်တီလွဲတာက ဒိုင်လူကြီးကြောင့်များလား . ဘရူနိုဖာနန်ဒက်စ်ဟာ ဒိုင်လူကြီးကြောင့် အာရုံစူးစိုက်မှုပျက်ခဲ့ရပါတယ်’
စသည်ဖြင့် အွန်လိုင်းမှာ ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့ တချို့ပရိသတ်တွေကတော့ သဘောမတူဘဲ ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ဘာသာ အသုံးမကျလို့ ပယ်နယ်တီလွဲခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မတော်တဆ ဝင်တိုက်မိတာနဲ့ ကလေးတစ်ယောက်လို စိတ်ဆိုးခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။