ရှုံးပွဲအတွက် ယူနိုက်တက် အသင်းသားတွေကို အပြစ်တင်လိုက်တဲ့ နည်းပြ အမိုရင်

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ကာရာဘောင်းကနေ ထွက်ခွါခဲ့ရပြီးနောက် ယူနိုက်တက် အသင်းသားတွေကို ပြစ်တင်ပုံချသွားခဲ့ပါတယ်။

အသင်းငယ်ရဲ့ ဉီးဆောင်ဂိုးတွေ ခွင့်ပြုခဲ့ရပြီးနောက် ချေပဂိုးတွေကြောင့်သာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့တဲ့ မန်ယူအသင်းဟာ ပင်နယ်တီမှာလည်း အသင်းကြီးပီပီ မစွမ်းဆောင်ပြနိုင်ခဲ့တာကြောင့် စောစောစီးစီး ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပါတယ်။

အမိုရင်က “ ကစားသမားတွေက ဒီနေ့ သူတို့ ဘာလိုချင်နေသလဲဆိုတာ ကျွန်တော့်ကို အသိပေးသွားခဲ့ကြပုံပါပဲ၊ ဒီနေ့ တကယ်ဘာတွေ ဖြစ်သွားလဲဆိုတာကတော့ ပရိသတ်တွေ အားလုံးအမြင်ပါပဲ။

ကစားသမားတွေက ပွဲစကတည်းက ပြင်းထန်တဲ့ အာရုံစိုက်မှုတွေ မရှိ၊ ဖိအားတွေ မရှိပဲ သက်သောင့်သက်သာ အနေအထားနဲ့ ကစားသွားခဲ့ကြပါတယ်၊ တစ်ခုခုတော့ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် တစ်သင်းလုံး လဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ရှေ့လာမယ့်ပွဲတွေအတွက် တစ်ခုခုတော့လုပ်ရပါတော့မယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အမိုရင်ရဲ့ အဆိုပါ ပြောဆိုချက်က အသင်းသားအချို့ကို စိတ်ထိခိုက်စေနိုင်မှာ ဖြစ်ပြီး အသင်း ပရိသတ်တွေကိုယ်တိုင်ကလည်း ကစားသမားတွေထက် နည်းပြကိုသာ အပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။