ဂါနာချို သဘောတူညီမှု ရခြင်း၊ မန်ယူနည်းပြလောင်းစာရင်းမှ နာမည်ကြီးများ၊ မိန်နိုး၊ မာလာစီယာတို့နဲ့ ယူနိုက်တက် ထူးခြား သတင်းများ
ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အလက်ဟန်းဒရိုး ဂါနာချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖက်ဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။
ဂါနာချိုဟာ ချဲလ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်း ၂ သင်းကြား ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်ကစားသမားလေး မိန်နိုးကတော့ အသင်းမှ ထွက်ခွါလိုတဲ့ ဆန္ဒကို အသင်းတာဝန်ရှိသူတွေထံ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။
မန်ယူအသင်းတာဝန်ရှိသူတွေဟာ နည်းပြ အမိုရင်ရဲ့ အနာဂတ်ကို အလေးအနက် စဉ်းစားသုံးသပ်နေကြပြီး ယခုအပတ် ဘန်လေ နဲ့ပွဲကိုသာ ရှုံးခဲ့ပါက ဇီဒန်း၊ လိုပယ်တီဂူ စတဲ့ နာမည်ကြီး နည်းပြဟောင်းတွေနဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။
ပဲလေ့စ် နည်းပြ အိုလီဗာ ဂလန်ဆာ နဲ့ ဘုန်းမောက်မှ အာရီအိုလာ တို့လည်း မန်ယူနည်းပြ ရာထူးအတွက် အပြိုင် ရေပန်းစားနေကြပါတယ်။
အက်သလက်တီကို မက်ဒရစ် အသင်း ကွင်းလယ်ကစားသမား ဂါလေဂါဟာ မန်ယူအသင်းရဲ့ စိတ်ဝင်စားမှု ခံနေရသလို နယူးကာဆယ်၊အဲဗာတန်၊ဝက်စ်ဟမ်း ၊ ပဲလေ့စ် စတဲ့ အသင်းတွေလည်း အပြိုင်စောင့်ကြည့်နေကြပါတယ်။
မန်ယူအသင်း ဘယ်နောက်ခံလူ မာလာစီယာအတွက် လာလီဂါမှ အယ်လ်ချီက ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ပါတယ်။