၁၁ နာရီအတွင်း ရှေ့ဆင့် နောက်ဆင့် ထုတ်ပယ်ခံလိုက်ရတဲ့ ယူနိုက်တက် နည်းပြဟောင်း ၂ဦး
ဥရောပ ခြေစစ်ပွဲတွေမှာ ကျရှုံးခဲ့ပြီးနောက် ဖီနာဘာချီ နည်းပြ မော်ရင်ဟို နဲ့ ဘီဆစ်တက်စ် နည်းပြ ဆိုးလ်ရှားတို့ ၁၁ နာရီအတွင်း ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဒီနှစ်ယောက်လုံးဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းတွေ ဖြစ်ကြပါတယ်။
ရှက်တာဒိုးနက်ကို နှစ်ကျော့ပေါင်း ၆-၂ နဲ့ အပြတ်အသက်ရှုံးပြီး ယူရိုပါလိဂ်ကနေ ဉရောပကွန်းဖရန့်လိဂ်ဆင်းပြိုင်ခဲ့ရတဲ့ ဆိုးလ်ရှားဟာ ကွန်းဖရန့်လိဂ်ဝင်ခွင့်မှာလည်း အိုင်ယာလန်ကလပ်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကလပ် Lausane နဲ့အတွေ့မှာ နှစ်ကျော့ပေါင်း ၂-၁ နဲ့ ရှုံးခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
နည်းပြ မော်ရင်ဟိုကလည်း ကစားရခက်တဲ့ ဘင်ဖီကာကို နှစ်ကျော့ပေါင်း ၁-၀ နဲ့ ရှုံးခဲ့ပြီးနောက် ရာထူးမှ ထပ်မံထုတ်ပယ်ခံလိုက်ရပါတယ်။
လက်ရှိ မန်ယူနည်းပြ အမိုရင်ရဲ့ ရာထူးမှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေတဲ့ သတင်းကို မော်ရင်ဟို နဲ့ ဆိုးလ်ရှားတို့ရဲ့ ထုတ်ပယ်ခံရတဲ့ သတင်းက လက်တလော ဖုံးလွှမ်းနိုင်ခဲ့သလို ရှိနေပြီး မန်ယူနည်းပြဟောင်း ၂ နှစ်စလုံး တူရကီ အသင်းတွေရဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ရာသီပိတ်သိမ်းပေးခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိနွေအတွင်း ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်ပေးခဲ့တဲ့အသင်းကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြောဆိုခဲ့ဖူးသူ တစ်ယောက် ဖြစ်ပြီး အသင်းက မိမိကို ထောက်ပံ့ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း သတိပေးခဲ့ဖူးပါတယ်။